နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရိုက်ခနိကျေးရွာတွင် စုပေါင်းအမှိုက်ကောက်၊ သန့်ရှင်းရေးပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄


ကော့မှူးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ခရိုက်ခနိကျေးရွာ တွင် ယနေ့နံနက်က စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည်။


လူနေမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရေး အစီအစဉ်ဖြင့် ကျေးရွာ၊ အမှိုက်စီမံခန့်ခွဲရေးကော်မတီ၊ ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကျေးရွာနေ ပြည်သူများ၊ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် အနံ့ဆိုးများ မဖြစ်ပေါ်စေရေး၊ ကျေးရွာသန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စုပေါင်းဆောင်ရွက်သည့် ပရဟိတစိတ်ဓာတ်များ တိုးပွားလာစေရန်  ရည်ရွယ်၍ ကျေးရွာတွင်း လမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များ တွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။


အမှိုက်များကို အမှိုက်အိတ်များဖြင့် ထည့်ကာ အမှိုက်စွန့်ပစ်ကန် တွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရပြီး ကော့မှူးမြို့နယ် ကျေးလက် ရုံးမှ အာဟာရဒါန၊ အအေး၊ မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ သည်။                                                                    ကျော်ဆန်း






အခြားဆက်စပ်သတင်းများ