နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တွဲညီညာ ပြည်သာယာ တည်ငြိမ်အေးချမ်း တို့ကြိုးပမ်း

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးသည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်း မှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောကာ ဒေသခံ ပြည်သူများ စိတ်နှလုံးအေးချမ်းသာယာ ပျော်ရွှင်စွာနေထိုင်နိုင် ကြမည် ဖြစ်သည်။


နိုင်ငံအတွင်းရှိ ဒေသအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရား ဥပဒေဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံပြိုကွဲစေမည့် အဖျက် လုပ်ရပ်များရှိနေသည်မှာ နိုင်ငံတော်နှင့် ဒေသခံပြည်သူများ အတွက် အန္တရာယ်ကြီးမားလှသည်။


နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်မည်ဖြစ်ရာ အဓိကလိုအပ် ချက် တစ်ရပ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး ဖြစ်သည်။


ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ယခုအခါ ရင်းနှီးမြှုပ်နှံ သူများသည် တည်ငြိမ်အေးချမ်းမှုရှိသော နေရာများကို ရှာဖွေလာ ကြသည်။ ပြည်သူတို့၏ဆန္ဒမှာ အေးချမ်းသာယာသည့် နိုင်ငံတွင်း စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုး သာယာနေခြင်းကို အလိုရှိကြသည်။


ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ၊ ပဋိပက္ခများ၏အကြောင်းရင်း အမှန်တရားကို သိရှိနားလည် ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်နေသူများနှင့် ပြည်တွင်းပြည်ပမှ အဖျက်အမှောင့် လုပ်ဆောင်နေသူများ၏ လုပ်ရပ်များ၊ ပယောဂများကို သိမြင်နားလည်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်သည်။


မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းလုံခြုံရေး အသိ၊ လုံခြုံရေး မျက်စိရှင်သန်နေရန် လိုအပ်သည်သာမက နိုးကြားတတ်ကြွသော အသိစိတ်ဓာတ်ရှိနေရန်လည်း လိုအပ်ပေသည်။ ပြည်သူများက လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဓိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင် ကာကွယ်တားဆီး ဖော်ထုတ်နိုင်မည်ဖြစ်သည်။


ထို့ကြောင့် ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော် အစိုးရနှင့် အတူ ဝိုင်းဝန်းဖယ်ရှားသွားကြရန်နှင့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ရည်မှန်းချက်ပန်းတိုင်သို့ အတူတကွ ပူးပေါင်းလက်တွဲ ညီညာလျှောက်လှမ်းကြရန် တိုက်တွန်းအပ် ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ