နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင် လမ်းဘေးဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ   ၂၄


ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ (မြို့တော်ဝန်) ဦးဗိုလ်ဌေးတို့သည် တာဝန်ရှိသူ များ လိုက်ပါလျက် ယမန်နေ့၊ ညနေပိုင်းက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်အဝင်လမ်း ဘေးဝဲ/ယာတစ်လျှောက် စိမ်း လန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မင်္ဂလာဒုံ မြို့နယ်၊ ခရေပင်လမ်းရှိ မင်္ဂလာ ကန် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနနှင့် Mingalar Sky Co.,Ltd တို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းဘေးဝဲ/ယာ ရှိ အဆောက်အဦ ဝင်ပေါက်များ၊ကွန်ကရစ် အပြည့်ခင်းထား သော နေရာများ ချန်လှပ်၍ မြေကွက်လွတ်များတွင် မြေညှိ ခြင်း၊ ကျောက်ခဲ၊ သစ်ငုတ်များ ဖယ်ရှားခြင်း၊ သဲနှင့် ဖွဲများဖြည့် ခြင်း၊ မြက်စိုက်ခြင်းလုပ်ငန်းများ နှင့်လမ်းတစ်လျှောက် စိမ်းလန်း စိုပြည်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်း လင်း တင်ပြသည်။


ဝန်ကြီးချုပ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Domestic Terminal ရှေ့တွင် ရှိသော ရေကန်အစပ်ရှိ ချုံနွယ် များ၊ အပင်ရိုင်းများ ရှင်းလင်းပြီး ကန်ပေါင်နှင့် ကန်ပတ်ဝန်းကျင် ရှင်းလင်း မြင်သာအောင်နှင့် ရေကန်၏ အလှအပပေါ်လွင် အောင် မြေယာရှုခင်း ပြုပြင်ရန်၊ အပင်ကြီးများ အောက်ခြေ ရှင်းလင်းရန်၊ ကန်အတွင်းသို့ ရေစီးလမ်းကြောင်း ဖော်ဆောင် ပေးရန်နှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို နိုင်ငံတကာ နှင့်ယှဉ်နိုင်သော အဆင့်အတန်း  မီ လေဆပ်ကြီးဖြစ်အောင် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပရေးတို့အတွက် လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော် ဆေးတက္ကသိုလ်နှင့် အမှတ် ၁ တပ်မတော် ဆေးရုံကြီးအကြား မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန် ရေပိုလွှဲ Spill Way ကြမ်းခင်းနှင့် ရေထုတ်မြောင်း မြေထိန်းနံရံ ပြုပြင်ဆောင်ရွက် ပြီးစီးမှု၊ ကန်ပေါင်တစ်လျှောက် မြက်ခင်း၊ အရိပ်ရပင်၊ ပန်းအလှ ပင်များ စိုက်ပျိုး၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ လူသွားစင်္ကြံ စက်ဘီးလမ်းဘေးတွင် ခုံတန်း များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာကန် စိမ်းလန်းစိုပြည်ရေးနှင့် ကန် ပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေးကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြား ကြောင်းသိရသည်။ ဆန်းကျော်ဦး






အခြားဆက်စပ်သတင်းများ