နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေးဟောင်းကားများ ယာဉ်မှတ်ပုံတင် ပြန်လည်ဆောင်ရွက်ပေးမည်

ရန်ကုန်  ဖေဖော်ဝါရီ   ၂၄


ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးခြင်းမရှိဘဲ မှတ်ပုံ တင်မှ ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၈၀ မော်ဒယ်လ်နှင့် ယင်းမတိုင်မီ ယာဉ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များ ကို တန်ဖိုးထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ပြန်လည်ခွင့်ပြုပြီး ယခင်က မှတ်ပုံ တင်ထားပြီး သက်တမ်းတိုးခြင်းမရှိ၍ မှတ်ပုံတင်မှု ဖျက်သိမ်းထား သော ယင်း ရှေးဟောင်းမော်တော်ယာဉ်များကိုသာ သတ်မှတ်ဒဏ် ကြေးဖြင့် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်ပြီး မည်သည့် မော်ဒယ်လ်အတွက် ဒဏ်ကြေး မည်မျှဆောင်ရမည်ကို မသတ်မှတ်သေးကြောင်း သိရသည်။


မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလ မှတ်ပုံတင်ထားရှိခဲ့သည့် ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ် ကို (နံပါတ်)ရောက်ရှိယာဉ်အမှတ်အသစ်အဖြစ် သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။


ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂၅ ရက်အထိ တစ်လတိတိ ဆက်သွယ်ဆောင်ရွက် နိုင်ပြီး အသေးစိတ်အချက်အလက်များကို www.motc.gov.mm, www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


မြန်မာနိုင်ငံတွင် အဆိုပါ ရှေးဟောင်း Classic မော်တော် ယာဉ်များသည် အစီးရေ အနည်းငယ်သာရှိတော့၍ အဆိုပါ ကားများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက တတိယအကြိမ်မြောက် Myanmar Classic Cars ပြပွဲကို ရန်ကုန်မြို့၊ ဝန်ကြီးများရုံးအတွင်း၌  ကျင်းပခဲ့သည်။                               အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ