နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၂/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ   ၂၄


ကိုဗစ်-၁၉ ရောဂါသက်ရောက် မှုကာလတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ ၂/၂၀၂၂  ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင် များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင် များ ဗီဒီယိုကွန်ဖရင့်ကိုအသုံးပြု ၍ ပါဝင်ဆွေးနွေးကြသည်။


အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည်စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးသည်။


အတည်ပြုပေးခဲ့သည့်လုပ်ငန်း များမှာ CMP စနစ်ဖြင့် ပလတ် စတစ်ပြား ထုတ်လုပ်ခြင်း လုပ် ငန်း၊ အဝတ်အထည်ချုပ်လုပ် ခြင်းလုပ်ငန်းနှင့် ချည်မျှင်ထုတ် လုပ်ခြင်းလုပ်ငန်းတို့ဖြစ်သည်။


အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ် သန်း ၇၀၀ နှင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၉၄ သန်းဖြစ်ပြီး လုပ်ငန်း သုံးခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၉၀ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 


ထို့ပြင် အထွေထွေကိစ္စရပ် များ တင်ပြလာသည့် ကုမ္ပဏီ ၂၆ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ကြသည်။

(ရင်းနှီး/မြှုပ်နှံ)






အခြားဆက်စပ်သတင်းများ