နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင်စစ်ဆေး

အင်္ဂပူ၊  ဖေဖော်ဝါရီ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  အင်္ဂပူမြို့နယ် တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်ဆန်း ဦးဆောင်သော မြေ၊ မျိုး ၊ ပိုးတာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ အင်္ဂပူမြို့နယ်ဒေသ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့်ရှောင်တခင်စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်က ဆောင်ရွက်ကြသည်။


ထိုသို့စစ်ဆေးရခြင်းမှာ စျေးကွက်အတွင်းပိုးသတ်ဆေးအတုအပ များနှင့် လိုင်စင်မဲ့အရောင်းဆိုင်များမရှိစေရေး၊ တရားမဝင်ရောင်း ချသော ပိုးသတ်ဆေးများမရှိစေရေး၊ ဒေသခံတောင်သူများ အရည် အသွေးမှန် ၊ စျေးနှုန်းမှန်သုံးစွဲမှုမှန်ကန်စေရေးအတွက် ပိုးသတ် ဆေးနှင့် ဓာတ်မြေသြဇာမျိုးစေ့အရောင်းဆိုင်များအား လစဉ်စစ်ဆေး လျက်ရှိကြောင်းသိရသည်။                           မြို့နယ် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ