နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွား ၈၁၄ ဦးအား ထောက်ပံ့ပေးအပ်

ချောင်းဦး၊  ဖေဖော်ဝါရီ  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီ ၂၁ ရက်က ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ လက်ဝယ်သို့ မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုး၊ အဘွား များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


ချောင်းဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုး၊ အဘွား ၈၁၄ ဦးအား နိုင်ငံတော်မှ  သုံးလတစ်ကြိမ်  ထောက်ပံ့ပေးအပ်လျက်ရှိသော သုံးသောင်းကျပ်နှုန်းဖြင့်  ငွေကျပ် ၂၄၄ သိန်း ၂ သောင်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ပေးအပ်သည်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက်သွား ရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။ 

ဝင်းမြင့်အောင်(ပြန်ဆက်)






အခြားဆက်စပ်သတင်းများ