နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မြေမန္တလာအားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေး၊  ဖေဖော်ဝါရီ  ၂၃


မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၏ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက် ပြည်ထောင်စုရန်ပုံငွေဖြင့် အောင်မြေသာစံမြို့နယ် ၂၂ လမ်းရှိ အောင်မြေမန္တလာအားကစားကွင်း ကို ပရိသတ် ၁၅၀ဝ၀ ဆံ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၀ နာရီက မန္တလေးတိုင်း ဒေသကြီး အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက သွား ရောက်စစ်ဆေးရာ  တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစောနေမင်းထွန်းနှင့် တာဝန်ယူဆောက်လုပ် သည့်ကုမ္ပဏီများမှ အင်ဂျင်နီယာများက ရှင်းလင်းပြသပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး နှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေးမှာကြားခဲ့သည်။ အောင်မြေမန္တလာ အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးလျက်ရှိသည်။


အောင်မြေမန္တလာအားကစားကွင်းအား အမိုးပါအနောက်ဘက် အထူးတန်းပွဲကြည့်စင် ၄၈၀ ပေ x ၆၀ ပေ နှစ်ထပ်၊ အမိုးမပါအရှေ့ ဘက်ရိုးရိုးတန်းပွဲကြည့်စင် ၄၄၀ ပေ x ၃၅ ပေ နှစ်ထပ်၊  အမိုးမပါ မြောက်ဘက်ရိုးရိုးတန်းပွဲကြည့်စင် ၂၈၀ ပေ x ၃၅ ပေ နှစ်ထပ်၊ မီတာ ၄၀ဝ ရော်ဘာပြေးလမ်းခင်းခြင်း၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်း များဆောင်ရွက်လျက်ရှိသည်။  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ