နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးခရိုင်အတွင်းလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်းရေး ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်း

မန္တလေး၊  ဖေဖော်ဝါရီ  ၂၃


မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မန္တလေး ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်သုံးစွဲနိုင်ရေးနှင့် နွေရာသီ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးအတွက် မြို့နယ်နှင့်ရပ်ကွက်များတွင်ထရန်စဖော်မာများ တိုးချဲ့ တပ်ဆင်ခြင်း၊ ကာဗာပါကြေးလိုင်းကြိုးသစ်များ   လဲလှယ်တပ်ဆင် ခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။ 


မန္တလေးခရိုင် လျှပ်စစ်မန်နေဂျာရုံးမှကြီးကြပ်၍ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အောင်မြေသာစံမြို့နယ်33KV အိုးဘိုဓာတ်အားခွဲရုံမှ 11KV ဖီဒါများအား သစ်ပင်သစ်ကိုင်းများ ခုတ် ထွင်ရှင်းလင်းခြင်း၊ VCBPannal များလဲလှယ်ခြင်း၊ မဟာအောင်မြေ မြို့နယ် ရွှေကျောင်းကြီးဓာတ်အားခွဲရုံမှ ဧရာဝတီဖီဒါနှင့် စိန်ပန်းဖီဒါ အားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ဟေမာဇလဓာတ်အား ခွဲရုံနှင့်    မြောက်ပြင်-အိုးဘိုပင်မဓာတ်အားခွဲရုံဆက်သွယ်ထားသော ဓာတ်အားလိုင်းများ  ကြွေသီးအသစ်လဲလှယ်ခြင်း၊ ဟေမာဇလ-ဒေးဝန်း (အနောက်) 33KV ဓာတ်အားလိုင်း သုံးမိုင်တည်ဆောက်ခြင်း၊ ဓာတ် အားလိုင်းနှင့်ထိနေသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရန် အရေးပေါ် ဓာတ်အားပိတ်၍ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။


မန္တလေးခရိုင်အတွင်း ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၄ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့ နယ်၊ ပုသိမ်ကြီးမြို့နယ်များတွင် ဓာတ်အားပိတ်၍ပြုပြင်ထိန်းသိမ်း ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းကအသိပေးထားသည်။   မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ