နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ်၊ ပြည်လမ်း (ရန်ကုန်ပညာရေးတက္ကသိုလ်အနီး)ရှိ မြေအောက်လမ်းကူး လူသွားဥမင်(Underpass)လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် ဧပြီ ၃ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ ကမာရွတ် မြို့နယ်၊ ပြည်လမ်း(ရန်ကုန်ပညာရေးတက္ကသိုလ်အနီး)ရှိ မြေအောက်လမ်းကူး လူသွားဥမင် (Underpass)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်တက်ရောက်၍ အမှာစကားပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဝင် ဒေါ်မေမေသွယ်၊ ကော်မတီဝင် ဦးဝင်းမြင့်သန်း၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ဌာနမှူး ဦးလင်းခိုင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင် (Underpass) သည် ဈေးဆိုင်ခန်းများပါဝင်သော မြေအောက် လမ်းကူး လူသွားဥမင်၊ ပင်မဥမင်အမြင့် ၁၀ ပေ ၆ လက်မ (၃ ဒသမ ၂ မီတာ)၊ (ကြမ်းခင်းမှ အပေါ်ဘက် အတွင်း လိုင်နင်အထိ)၊ ပင်မဥမင်ခန်းဖွင့်အကျယ် ၄၀ ပေ(၁၂ မီတာ)၊ ပင်လယ်ရေမျက်နှာပြင် အမြင့် (၃၁ မီတာ)၊ မြေအောက်အနက် ၁၇ ပေ ၁ လက်မ( ၅ ဒသမ ၇ မီတာ)၊ ပင်မဥမင် လူသွားလမ်းအကျယ် ၁၉ ပေ ၈ လက်မ (၆ မီတာ)၊ စုစုပေါင်းဥမင်အလျား ၄၂၇ ပေ ၂ လက်မ(၁၃၀ ဒသမ ၈ မီတာ)၊ အဝင်အထွက် အပေါက်အရေအတွက် ၄ ခု၊ ဈေးဆိုင်ခန်းအရေအတွက် ၁၃ ခန်း၊ အပေါ်ဖို့မြေအမြင့် ၃ ပေ ၃ လက်မ၊ ဥမင် လိုင်နင်အမျိုးအစား သံကူကွန်ကရစ် အဝင်အထွက်ဥမင်များ၏ လျှောစောက်ထောင့် ၃၀ ဒီဂရီ၊ တစ်နာရီလျှင် ဖြတ်သန်းသွားလာနိုင်သည့်ဦးရေ ၆၀၀၀ ဦးနှုန်း၊ ရွေ့လျားစက်လှေကား ၃ စင်း၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား(၈ ယောက်စီး) ၂ စင်းနှင့် ကြမ်းခင်းဧရိယာစုစုပေါင်း ၁၁,၂၅၀ စတုရန်းပေ (၁၀၄၅ စတုရန်း မီတာ)တို့ပါဝင်တည်ဆောက်သွားမှာဖြစ်ပြီး လုပ်ငန်းကြာမြင့်ချိန်မှာ တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။ သတင်း-မိုးဝေ၊ ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ