နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ   ၈


ကရင်ပြည်နယ်၊ ဘားအံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင် စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကရင်ပြည်နယ်အစိုးရ အဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက် သော မွန့်ဆရီးကျေးရွာအဝင် လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါကျေးရွာ ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်မှ လုပ်ငန်းနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားပြီး ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်း နောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။


ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများက ကရင်ရိုးရာ ဒုံးအကဖြင့် ဖျော်ဖြေခြင်းကို တာဝန်ရှိသူများက ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဧည့်သည်တော်များက လမ်းကို ကြည့်ရှုစစ်ဆေးသည်။


မွန့်ဆရီးကျေးရွာ အဝင် လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခြောက်လ ဘတ်ဂျတ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၁၂၈ ဒသမ ၆၀၂ သန်း ဖြင့် အရှည် ၃၆၀၀ ပေ၊ အကျယ် ၁၆ ပေ၊ ထု ခြောက်လက်မ လမ်းကို ငွေစင်သစ်ကုမ္ပဏီနှင့် DNT ကုမ္ပဏီတို့က တာဝန်ယူ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သက်နိုင်ထွန်း






အခြားဆက်စပ်သတင်းများ