နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး

ရန်ကုန်မြို့အတွင်း သွားလာလျက်ရှိသော မော်တော်ယာဉ် များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး အတွက် အသိပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ သို့သော် ရန်ကုန်မြို့တော်အတွင်း အချို့သော ခြေကျင်သွားလာသည့် လမ်းအသုံးပြုသူများ လမ်း ဖြတ်ကူးရာတွင် ယာဉ်မတော်တဆမှုများဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရာရှိလျက်ရှိနေသည်။ ထို့ကြောင့် ယာဉ်သွားလာမှု လွယ်ကူချောမွေ့ရေးနှင့်   လမ်းစည်းကမ်းလိုက်နာရေးကို သက်ဆိုင်ရာတို့က အလေးထားဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ရာ မော်တော်ယာဉ်များနှင့် လမ်းအသုံးပြုသူများအနေ  ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၊ မောင်းနှင်သွားလာ ခြင်းဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုများ ကင်းရှင်းမည်ဖြစ်သည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) သည် စည်ပင်သာယာနယ်နိမိတ်အတွင်း ရှိ လမ်းများအား အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု၍ အင်းစိန်မြို့နယ် ဇင်ဇီယာလမ်းနှင့် လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီးရှိ လူသွားစင်္ကြံစက်ဘီးလမ်းတို့ကို ဖေဖော်ဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။ ဇင်ဇီယာလမ်းသည် အရှည် ၂၈၀၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မရှိ နှစ်လမ်းသွားကွန်ကရစ်လမ်း ဖြစ်ပြီး မင်းဓမ္မလမ်းနှင့် ပြည်လမ်းကိုဆက်သွယ်ထားသော လမ်း ဖြစ်ပြီး မင်းဓမ္မလမ်း ယာဉ်ကြောကြပ်တည်းမှု လျှော့ချနိုင်ရန်နှင့် မင်းဓမ္မကုန်းတော်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရန်        ရည်ရွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။


လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး အုတ်ကျင်းဂုန်နီစက်ရုံမှ ပိတောက်ချောင်းအထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်း လူသွားစင်္ကြံစက်ဘီးလမ်းလည်း တစ်ပြိုင် တည်း ဖွင့်လှစ်ပေးခဲ့သည်။ ယင်းလမ်းကို ဖွင့်လှစ်ပေးခြင်းဖြင့် ဘုရင့်နောင်လမ်းမကြီး နေ့စဉ်အသုံးပြုသူများ၊ စက်ဘီးစီးသူများ အန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်သည်။


အလားတူ သာကေတမြို့နယ် ၂/မြောက် ရပ်ကွက် တိုးချဲ့ ၁ လမ်းတို့ကိုလည်း အဆိုပါနေ့က ဖွင့်လှစ်ခဲ့သည်။ ယင်းကဲ့သို့ လမ်းများ တိုးချဲ့ခြင်း၊ ဖောက်လုပ်ခြင်းလုပ်ငန်းများကြောင့် စက်ဘီးစီးသူများ၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သူများ၊ ယာဉ် အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာမှုလွယ်ကူချောမွေ့စေသည် သာမက ယာဉ်အသုံးပြုမောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကို လိုက်နာစေရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်သော်လည်း အမှန်တကယ် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက်မူ ၊ ယာဉ်မောင်းသူများရော၊ လမ်းအသုံးပြုသူ ပြည်သူများ ပါ စည်းကမ်းလိုက်နာကြမှသာ၊ အန္တရာယ်ကင်းရှင်းမည် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ