နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများ အောင်မြင်စွာ ဖွင့်လှစ်

ဘေကျင်း  ဖေဖော်ဝါရီ  ၅


၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ဘေကျင်းရှိ Bird’s Nest အမျိုးသားအားကစားကွင်းတွင် အောင်မြင်စွာကျင်းပသည်။ 


တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြိုင်ပွဲ များ အောင်မြင်စွာဖွင့်လှစ်ပြီဖြစ်ကြောင်း  ကြေညာပြီး မီးရှုးမီးပန်းများပစ်ဖောက် ကာ  လူငယ်အတွေးများကို လှစ်ဟပြ သောနှင်းပွင့်များ    ပြည့်နှက်နေသည့် ဖျော်ဖြေမှုဖြင့် အဆုံးသတ်ခဲ့သည်။ 


အခမ်းအနားတွင် နည်းပညာများ၊ အလင်းရောင်များ၊ မီးရှူးမီးပန်းများဖြင့် ပုံဖော်ထားပြီး အားကစားသမားများနှင့် ဖျော်ဖြေရေးသမားများက သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် ပါးစပ် နှင့် နှာခေါင်းစည်းများနှင့် အနွေးထည် ထူထူများဝတ်ဆင်ထားသော အားကစား သမားများက သက်ဆိုင်ရာအလံအောက် တွင် အသီးသီးချီတက်လာခဲ့ကြသည်။ 


နိုင်ငံတစ်ခုချင်းစီကို နှင်းပွင့်တစ်ခု ချင်းစီဖြင့်ကိုယ်စားပြုထားပြီး နှင်းပွင့် များ   အားလုံးပေါင်းစပ်သောအခါကြီးမား သော နှင်းပွင့်ကြီးတစ်ခုအဖြစ် စင်မြင့်၏ ကြမ်းခင်း LED မျက်နှာပြင်ကို ပုံဖော် ထားပြီး ၁၂၅,၀၀၀ စတုရန်းပေရှိသော    ထိုမျက်နှာပြင်သည်   ကမ္ဘာ့အကြီးဆုံး LED မျက်နှာပြင်များအနက် တစ်ခုဖြစ် သည်။


၂၀၀၈ ခုနှစ်၌ နွေရာသီအိုလံပစ်ကို လက်ခံကျင်းပခဲ့စဉ်က လေးနာရီကြာ ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားကို ယခု နှစ်တွင် ကပ်ရောဂါကြောင့် မိနစ် ၁၀၀ ခန့်သာကျင်းပခဲ့ရကြောင်း သိရသည်။ ဖျော်ဖြေသူစုစုပေါင်း ၃,၀၀၀ ပါဝင်ခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်များဖြစ် သည်။                                  (ref:CNN)






အခြားဆက်စပ်သတင်းများ