နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမန်ရုပ်သံလုပ်ငန်းများ ရုရှားပိတ်ပင် လက်စားချေ

မော်စကို  ဖေဖော်ဝါရီ  ၅


ဂျာမနီနိုင်ငံသည် ရုရှားရုပ်သံလုပ်ငန်း RT DE ကို ပိတ်ပင်လိုက်ပြီးနောက်  ရုရှား ဘက်မှလည်း   ဂျာမန်ရုပ်သံလုပ်ငန်း Deutsche Welle ၏ လုပ်ငန်းများကို ပြန်လည်ပိတ်ပင်ခြင်းအပါအဝင် ရုပ်သံ ဝန်ထမ်းများကို အသိအမှတ်ပြုမှုများ လည်းရုပ်သိမ်းလိုက်သည်။


အဆိုပါ ဂျာမန်ရုပ်သံလိုင်းကို ရုရှား ကထုတ်ပြန်ကြေညာပြီး ပြည်ပသတင်း ပေးအဖြစ်သတ်မှတ်ရန် ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ၄ ရက်တွင် တရားဝင်ထုတ်ပြန်သည်။


 ပြည်ပ  သတင်းပေးဆိုသည်မှာ ဆိုဗီယက်ခေတ်က မလိုလားသော အသုံး အနှုန်းဖြစ်ပြီး RT DE ကို ပိတ်ပင်ရာတွင် ပါဝင်ပတ်သက်သည့် ဂျာမန်အရာရှိများ ကိုလည်း  ရုရှားသို့   ဝင်ရောက်ခွင့်မရ စေရန်ပိတ်ပင်မည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက    ကြေညာ ထားသည်။ 


ယူကရိန်းပြဿနာနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများနှင့်    ရုရှားအကြား တင်းမာမှုမြင့်မားနေချိန်တွင် ယခုပြဿနာ ဖြစ်ပွားခြင်းဖြစ်သည်။  

 (Ref:Reuters)






အခြားဆက်စပ်သတင်းများ