နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွီဒင်တွင် ဗိုင်းရပ်စ်ကန့်သတ်ချက်များ ရုပ်သိမ်းမည်

စတော့ဟုမ်း  ဖေဖော်ဝါရီ  ၅


နိုင်ငံအတွင်း ဗိုင်းရပ်စ်ကန့်သတ်ချက် များကိုဖယ်ရှားရုပ်သိမ်းရန်  စီစဉ်နေပြီ ဖြစ်ကြောင်း ဆွီဒင်နိုင်ငံအစိုးရက ကြေညာ လိုက်သည်။


အခြားသော ဥရောပနိုင်ငံများတွင် ဗိုင်းရပ်စ်ကန့်သတ်ချက်များကို ဖယ်ရှား နေချိန် ဆွီဒင်၌လည်း ယခုကဲ့သို့ကြေညာ လိုက်ပြီး ကန့်သတ်ချက်များကို ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ    ဖယ်ရှားမည်ဖြစ် သည်။


စားသောက်ဆိုင်များတွင် လူဦးရေ နှင့် အချိန်ကန့်သတ်ချက်မရှိဘဲ မည်သူ မဆို ထိုင်ရင်းစားသုံးနိုင်မည်ဖြစ်သည့်  အပြင် ကိုဗစ်ထောက်ခံချက်ပြသခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် များတွင်    နှာခေါင်းစည်းတပ်ခြင်းနှင့် လူချင်းထိတွေ့မှုများအပေါ် ကန့်သတ် ချက်များလည်း ဖယ်ရှားသည့်အထဲပါဝင် ကြောင်း သိရသည်။


ယခုကဲ့သို့ ဗိုင်းရပ်စ်ကန့်သတ်ချက် များရုပ်သိမ်းခြင်းကို အိမ်နီးချင်းဒိန်းမတ် နိုင်ငံမှ      ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် နော်ဝေနိုင်ငံမှလည်း ည ၁၁ နာရီနောက်ပိုင်း ယမကာသောက်သုံးမှု ကန့်သတ်ချက်နှင့် လူ ၁၀ ယောက်ထက် ပိုမစုရန် ထုတ်ပြန်ထားသည့်ကန့်သတ် ချက်များကို ဖယ်ရှားခဲ့သည်။  


ထို့နောက်    ဆွီဒင်နိုင်ငံတွင်လည်း ယခုကဲ့သို့ ဗိုင်းရပ်စ်ကန့်သတ်ချက်များ ကိုဖယ်ရှားရန် ကြေညာလိုက်ခြင်းဖြစ် သည်။                               (ref:BBC)






အခြားဆက်စပ်သတင်းများ