နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးတောင်ပေါက်ကွဲခဲ့သော တွန်ဂါတွင် ပထမဆုံး ပြည်တွင်းကိုဗစ်ကူးစက်မှုများကြောင့် လော့ဒေါင်းချ

နူကူအာလိုဖာ  ဇန်နဝါရီ  ၄


လူဦးရေ တစ်သိန်းကျော်သာနေထိုင် သော ကျွန်းနိုင်ငံ တွန်ဂါတွင် ပထမဆုံး ကိုဗစ်ပြည်တွင်းကူးစက်မှုများ တွေ့ရှိ သောကြောင့် လော့ဒေါင်းချမည့် အစီ  အစဉ်ကို ဝန်ကြီးချုပ်က ဇန်နဝါရီ ၃ ရက်တွင်စတင်ကြေညာလိုက်သည်။ 


ပြီးခဲ့သည့်လအတွင်း ကြီးမားသော ရေအောက်မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား ပြီး ဆူနာမီဒဏ်ခံခဲ့ရခြင်းကြောင့် တွန်ဂါ သို့ရောက်ရှိလာသော     နိုင်ငံတကာမှ အကူအညီများကို ဆိပ်ကမ်းမှတစ်ဆင့် လက်ခံလျက်ရှိရာ အဆိုပါဆိပ်ကမ်းရှိ အလုပ်သမားနှစ်ဦးထံတွင်      ပိုးစတင် ကူးစက်ခံနေရသည်ကို တွေ့ရှိခြင်းဖြစ် သည်။ 


ထို့နောက် အလုပ်သမားသုံးဦးထံ တွင် ထပ်မံ၍ပိုးတွေ့ခဲ့သဖြင့် အကူအညီ ပေးရေးအဖွဲ့များမှလွဲပြီး ကျန်လူများကို အိမ်တွင်နေထိုင်ရန် လော့ဒေါင်းချခဲ့ခြင်း ဖြစ်သည်။  တွန်ဂါတွင် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်မှုမှာ ၆ ခုအထိရှိနေပြီး ယခု အခါ မီးတောင်ပေါက်ကွဲခြင်းကြောင့် ပြည်ပနိုင်ငံများ ဝင်ရောက်အကူအညီ ပေးရာမှတစ်ဆင့် နိုင်ငံတွင်းရှိ လုပ်သား များထံ ပိုးကူးစက်မည်ကို စိုးရိမ်နေရ ခြင်းဖြစ်သည်။ 


လော့ဒေါင်းကြောင့် ကျွန်းများပေါ် တွင် လှေများကို သွားလာခွင့်မပြုဘဲ ပြည်တွင်းလေကြောင်းလိုင်းများလည်း     ရပ်နားထားမည်ဖြစ်ကြောင်း    ဝန်ကြီး ချုပ်က ပြောသည်။  တွန်ဂါသည် ကျွန်း ပေါင်း ၁၇၁ ကျွန်းဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပြီး ကျွန်းပေါင်း ၄၅ ကျွန်းတွင် လူနေထိုင်လျက်ရှိသည်။    လက်ရှိတွင် ပြီးခဲ့သောလက မီးတောင်ပေါက်ကွဲမှု ကြောင့် ပြာမှုန့်များနှင့် ဖုံးလွှမ်းလျက်ရှိပြီး   ရေအောက်ဖိုက်ဘာလိုင်းများ ထိခိုက်ခဲ့ သောကျွန်းများတွင် ဆက်သွယ်ရေးလိုင်း များ ပြတ်တောက်လျက်ရှိသည်။ 


(ref:Reuters)






အခြားဆက်စပ်သတင်းများ