နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတြေးလျတွင် တောမီး အရေးပေါ်သတိပေးချက်များ ထုတ်ပြန်

ဆစ်ဒနီ  ဇန်နဝါရီ  ၄


ဩစတြေးလျနိုင်ငံ၏  အနောက် ဩစတြေးလျပြည်နယ်  (WA)  ရှိ အရေးပေါ်ဌာနမှ ပြည်နယ် အနောက် တောင်ပိုင်းနှင့် Perth မြို့တော်တွင် တောမီးလောင်ကျွမ်းမှုနှစ်ခုကို သတိ ပေးချက်ထုတ်ပြန်ထားကြောင်း သိရ သည်။ 


ဖေဖော်ဝါရီ ၃ ရက်တွင် Perth မြို့ရှိ တောမီးသည် Canning Mills ရပ်ကွက် တွင်စတင်လောင်ကျွမ်းခဲ့ပြီး မြေဧက ၉၆ ဟက်တာထက်မနည်း မီးလောင် သွားကာ WA ၏ အနောက်တောင်ဘက် Kirup မြို့တွင်လည်း အလားတူ တော မီးလောင်ကျွမ်းမှုများကြောင့် အရေး ပေါ်သတိပေးချက်များ ထုတ်ပြန်ထား ကြောင်း သိရသည်။ 


ပြည်နယ်၏ မီးသတ်နှင့်အရေးပေါ် လုပ်ငန်းဌာန (DFES)မှ တောမီးလောင် ကျွမ်းမှု သတိပေးချက် များကို ဖေဖော်ဝါရီ ၁ ရက်တွင်  ကနဦးထုတ်ပြန်ထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိမီးငြှိမ်းသတ်ရာ တွင် လူ ၂၀၀ ကျော် ပါဝင်လျက်ရှိကြောင်း ပြောကြားသည်။ 


ယခုမူ တောမီးလောင်ကျွမ်းမှုနှစ်ခု သည်    စတင်လောင်ကျွမ်းချိန်နှင့် နှိုင်းယှဉ်ပါက    တည်ငြိမ်လျက်ရှိသော် လည်း လေတိုက်နှုန်းများခြင်းကြောင့် သတိပေးချက်များကို ဆက်လက်ထား ရှိမည်ဖြစ်ကြောင်း သိရသည်။ 


DFES အနေ ဖြင့် ပြည်သူများအား ဘေးကင်းသော နေရာများသို့ထွက်ခွာခြင်း တစ်နည်းအား ဖြင့် ၎င်းတို့၏နေအိမ်၌ပင် နားခိုရာရှာဖွေ ထားသင့်ကြောင်းနှင့် အကယ်၍ဖြစ်နိုင် မည်ဆိုပါက   နေအိမ်အတွင်းမှတစ်ဆင့် ရေသွယ်ထားရှိရန်   အကြံပြုထားသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ