နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၆ လမှ ၅ နှစ်အရွယ် ကလေးများအတွက် Pfizer ကိုဗစ်အရေးပေါ်ကာကွယ်ဆေး ထိုးနှံခွင့်လျှောက်ထား

ဝါရှင်တန်  ဇန်နဝါရီ  ၄


၆ လမှ အသက် ၅ နှစ်အရွယ်ကလေး ငယ်များအတွက် Pfizer ကိုဗစ်ကာကွယ် ဆေး အရေးပေါ်ထိုးနှံခွင့်ကို လျှောက် ထားပြီဖြစ်ကြောင်း    အဆိုပါဆေးဝါး ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့လျှောက်ထားရန် Pfizer ကုမ္ပဏီ ကို  အမေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်များက တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ကနဦးလေ့လာ မှုများအရ Pfizer ကာကွယ်ဆေးသည် ကလေးငယ်များတွင် ထိရောက်မှုရှိကာ ကိုယ်ခံအားစနစ်ကို ဖြစ်ထွန်းစေကြောင်း ပြသနိုင်သဖြင့် အဆိုပါဆေးကို ထိုးနှံခွင့် လျှောက်ထားရန်   တိုက်တွန်းခြင်းဖြစ် သည်။ 


Pfizer ၏ လျှောက်ထားမှုကို ယခု ဖေဖော်ဝါရီအတွင်း  အတည်ပြုချက် ရရှိရန်မျှော်မှန်းထားပြီး    ဆေးထိုးနှံမှု နှင့်ပတ်သက်သည့်  လေ့လာမှုအချက် အလက်များရလာသည့်အခါ  နောက် ဆက်တွဲ   လျှောက်ထားမှုများကိုပါ  ဆက်လက်ဆောင်ရွက်ရန်   FDA က လိုလားနေခြင်းဖြစ်သည်။ 


အသက်ငယ်သည့် ကလေးငယ်များ တွင် လူလတ်ပိုင်းများကဲ့သို့ ကိုဗစ်ကြောင့် ပြင်းထန်သည့်ဝေဒနာနှင့် နောက်ဆက် တွဲရောဂါများ   ခံစားရနိုင်ခြေနည်းပါး သော်လည်း   နိုင်ငံတစ်ဝန်း  အိုမီခရွန် ကူးစက်မှုဖြစ်ပွားသူများတွင် ကလေး ငယ်များပိုမိုပါဝင်လာကြောင်းသိရသည်။  


ထို့ကြောင့် ကလေးငယ်များအတွက် ကိုဗစ်ကာကွယ်ဆေးအသုံးပြုမှု အတည် ပြုနိုင်ရန် အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရ အနေဖြင့် ပထမဦးစားပေးလုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။                         (ref:BBC)






အခြားဆက်စပ်သတင်းများ