နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာအာကာသစခန်း(ISS)ကို ၂၀၃၀ နှစ်ကုန်ပိုင်းတွင်အနားပေးရန် နာဆာ စီစဉ်

ဝါရှင်တန်  ဇန်နဝါရီ  ၄


အမေရိကန်နိုင်ငံအမျိုးသားအာကာသ  နှင့် လေကြောင်းဦးစီးဌာန (နာဆာ) သည် လာမည့် ၂၀၃၀ ပြည့်နှစ် နှစ်ကုန်ပိုင်း တွင် နိုင်ငံတကာအာကာသစခန်း (ISS) ကိုအနားပေးရန်  စီစဉ်ထားကြောင်း ထုတ်ပြန်လိုက်သည်။ 


အဆိုပါ ISS အာကာသစခန်းသည် ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်လာ သောအခါ သမုဒ္ဒရာထဲသို့ ထိုးဆင်းသွား မည်ဖြစ်ကြောင်း နာဆာ၏ အသစ်ထုတ်ပြန် လိုက်သောအစီအစဉ်များအရ သိရသည်။ 


ISS အကူးအပြောင်းအစီရင်ခံစာ တွင် နိုင်ငံတကာအာကာသစခန်း ISS ၏လုပ်ငန်းများကို   ၂၀၃၀  ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ တိုးမြှင့်ဆောင်ရွက် ပြီးနောက် ယင်းအာကာသစခန်းသည် ကမ္ဘာမြေ၏ တောင်ပစိဖိတ်သမုဒ္ဒရာ ထဲရှိ “Nemo အမှတ်”ဟု ထင်ရှားသော အမှတ်နေရာထဲသို့ ထိုးဆင်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။  


ကမ္ဘာသို့ ပြန်လည်ရောက်လာသော ISS ကို စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်နေ သည့်  အာကာသခရီးစဉ်လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သိပ္ပံ သုတေသနပြုခြင်း နေရာတစ်ခုအဖြစ် အစားထိုးလုပ်ဆောင်သွားမည်ဖြစ် ကြောင်း နာဆာ(NASA) က ထုတ်ပြန် ထားသည်။

(ref:Yahoo)






အခြားဆက်စပ်သတင်းများ