နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
5G သုံးပစ္စည်းများ တားမြစ်ခံရပြီးနောက် ဆွီဒင်အစိုးရကို Huawei တရားစွဲ

စတော့ဟုမ်း  ဇန်နဝါရီ  ၃


နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei Technologies ကုမ္ပဏီသည် ယင်း၏ 5G ပစ္စည်းများ ရောင်းချခွင့်ကို ပိတ်ပင်လိုက်သည့် ဆွီဒင်နိုင်ငံကို World Bank Group ၏ စည်းမျဉ်းစည်းကမ်း များအရဖြေရှင်းပေးရန်  တရားစွဲဆိုမှု စတင်နေပြီဖြစ်သည်။


ယခုကဲ့သို့    တရားစွဲဆိုခြင်းသည် Huawei ၏ နစ်နာမှုအတွက်ဖြစ်ပြီး Huawei အနေဖြင့် ဆွီဒင်မှ နစ်နာကြေး အဖြစ်    ကန်ဒေါ်လာ ၅၅၀ သန်းခန့် လျော်ကြေးရလိုကြောင်း    ပြောကြား ထားသည်။


ဆွီဒင်နိုင်ငံသည် Huawei ပစ္စည်း များအသုံးပြုမှုကို     ပယ်ချလိုက်သော ဥရောပတိုက်၏     ဒုတိယမြောက်နိုင်ငံ ဖြစ်ပြီး   ဗြိတိန်နိုင်ငံကမူ  Huawei 5G အသုံးပြုမှုကိုတားမြစ်ထားသည့် ပထမ ဆုံးနိုင်ငံဖြစ်သည်။


ဆွီဒင်အစိုးရအနေဖြင့်      လက်ရှိ တပ်ဆင်ထားပြီးဖြစ်သည့်   5G အသုံး အဆောင်များကိုမူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထားကာ ဖြုတ်ပေး ရန် နိုင်ငံတစ်ဝန်းကြေညာထားသည်။


ယင်းသို့ ဆွီဒင်အစိုးရတာဝန်ရှိသူ များ၏ဆုံးဖြတ်ချက်များသည် တရုတ် နိုင်ငံနှင့် ဆွီဒင်နိုင်ငံကြားရှိ ဆက်ဆံရေး ထိခိုက်စေမည်ဖြစ်ပြီး   နောက်ဆက်တွဲ အကျိုးအဆက်များလည်း ရှိမည်ဖြစ် ကြောင်း လေ့လာသူများက ဝေဖန်ပြော ကြားထားသည်။              (Ref: Yahoo)






အခြားဆက်စပ်သတင်းများ