နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယီမင်တိုက်ခိုက်မှုအပြီး အမေရိကန်စစ်သင်္ဘောနှင့် တိုက်လေယာဉ်များ ယူအေအီးသို့ စေလွှတ်မည်

ဒူဘိုင်း  ဇန်နဝါရီ  ၃


ယီမင်သူပုန်များ၏ ဒုံးကျည်တိုက် ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ယူအေအီးနိုင်ငံကို ခုခံကာကွယ်ရန် ပဲ့ထိန်း ဒုံးကျည်ဖျက်သင်္ဘောနှင့် ခေတ်မီတိုက် လေယာဉ်များ ဖြန့်ကျက်ချထားမည်ဖြစ် ကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားလိုက်သည်။


တပ်ဖြန့်ချထားရန်မှာ လက်ရှိဟူသီ ခြိမ်းခြောက်မှုကို တိုက်ခိုက်ရန်အတွက် ယူအေအီးကို ကူညီခြင်းဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နှင့် ဒူဘိုင်းအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဇေယက်အယ်လ် နေဟန်တို့အကြား ဖုန်းခေါ်ဆိုမှုအပြီးတွင်          ယူအေအီးရှိ အမေရိကန်သံရုံးက         ပြောကြားလိုက် ခြင်းဖြစ်သည်။


ယူအေအီးသည် အီရန်ကျောထောက် နောက်ခံပြု ဟူသီသူပုန်များကိုတိုက်ခိုက် နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်း အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခု သီတင်းပတ်များအတွင်း တတိယမြောက် အဖြစ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကိုခံခဲ့ရ သည်။


ယူအေအီးကို ပစ်မှတ်ထားပစ်လွှတ် သည့် ယီမင်ရှိ ဟူသီသူပုန်များ၏ တိုက် ခိုက်မှုကို အမေရိကန်စစ်တပ်က ကြား ဖြတ်ဒုံးကျည်များဖြင့် ဖျက်ဆီး ပေးခဲ့ပြီး ဟူသီသူပုန်များသည် ဇန်နဝါရီ ၁၇ ရက် နှင့် ၂၄ ရက်များကလည်း ယူအေအီးသို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။      (ref:Reuters)






အခြားဆက်စပ်သတင်းများ