နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာသူများကို စောင့်ကြည့်လူနာ အဖြစ်ထားရှိမည့် နေရာများအား ပြင်ဆင်ဆောင်ရွက်ထား

ရန်ကုန် ဧပြီ ၃ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး အဖြစ် ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက်စောင့်ကြည့်ရန် စီစဉ်ထားသော နေရာ များအား ဧပြီ ၂ ရက် နံနက် ၁၀ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများ အရေးပေါ်ကူညီရေးအသင်းတို့ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ပေါ်တွင် အမှတ်(၁၃)ရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက် စောင့်ကြည့်ရန်စီစဉ်ထားပြီး အဆိုပါ စီစဉ်ထားသော နေရာများ အနက် ယခင်ပြည်ပမှ ပြန်လာသူများကို Home quarantine အဖြစ်ထားရှိရာ မတ်လ ၃၁ ရက် အထိ ၄၆ ဦး ရှိပြီး COVID-19 သံသယ လက္ခဏာများ မတွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ အဆိုပါလုပ်ငန်းများကို စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်ကျော်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ အမှိုက် များကို စနစ်တကျစွန့်ပစ်ရေး စသည်ဖြင့် လိုအပ်ချက်များကို ဆောင်ရွက်ထားကြောင်း သိရှိရသည်။ လှလှထွေး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ