နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
World Hearing Day 2020 အခမ်းအနား ကျင်းပ

World Hearing Day 2020 အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန် အသင်းတိုက်၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေး သုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်း ထွန်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ တင်အောင် စော၊ နား၊နားခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကု ဆေးရုံကြီး (တာမွေ) မှ ပါမောက္ခဒေါ်ခင်လှလှနှင့်ဆရာဝန်ကြီးများ၊ မေရီ ချက်မင်း ကလေးများနားမကြားကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုဝန်ထမ်း နားမကြားသောကလေးများ ကျောင်းမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြား ထားသူများ၊ မိဘဆွေမျိုး သင်္ဂဟများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသု တေသနဦးစီးဌာန ညွှန်ကြးရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာတင်အောင်စောက အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး (တာမွေ)မှ ပါမောက္ခဒေါက်တာခင်လှလှက နားမကြား သော ကလေးငယ်များ၏ ဖြစ်စဉ်နှင့်စပ်လျဉ်း၌၍ ရှင်းလင်းပြောကြားပြီး နားမကြားသောကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။ AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ