နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ်၊ တားဆီးကာကွယ်ရေး စုပေါင်းပါဝင်ဆောင်ရွက်ပေး

နယ်စပ်မှဝင်ရောက်လာသော  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိနေသည်။ လူငယ်ထုအများဆုံးသွား လာရာ အပျော်အပါးနေရာများတွင် အဖော်သဟဲအဖြစ်ပူးတွဲပါဝင် လာတတ်သည့် မူးယစ်ဆေးဝါးပြဿနာသည် ငွေကြေးတတ်နိုင် သူများသာမက   သာမန်လူငယ်ထုအတွင်း စိမ့်ဝင်နေသည်မှာ ရင်လေးဖွယ်ဖြစ်သည်။


ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး၊ မိုင်းရှုးမှ မန္တလေးမြို့သို့  စိုင်းအောင်ထွန်း မောင်းနှင် ပြီး စိုင်းလွတ်နှင့် စိုင်းဆာလူတို့လိုက်ပါလာသည့် Voxyမော်တော် ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀၊ ကာလတန်ဖိုးကျပ် တစ်ဘီလီယံခွဲဖိုး ဖမ်းဆီးရမိခဲ့သည်။ ဇန်နဝါရီ ၁၉ ရက်တွင် လည်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၇၆၀၀ ကျော် တန်ဖိုးရှိ     မူးယစ်ဆေးဝါးများ     ဖမ်းဆီးရမိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မျိုးအေး မောင်းနှင် သည့် ဆိုင်ကယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ ဇန်နဝါရီ ၂၀ ရက် ဟိုပုံး-လွိုင်လင်သွားကားလမ်းတွင် အောင်ကျော်ထွန်း မောင်းနှင်ပြီး သီဟမင်းဇင်လိုက်ပါသည့် HyUNDAI အမျိုးအစား မော်တော်ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေး ၂၀၀၀၀၀ သိမ်းဆည်းရမိ ကြောင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ သတင်းထုတ်ပြန်ထားသည်။


အလားတူ ရှမ်းပြည်နယ်တွင် ဇန်နဝါရီ ၂၈ ရက်က တန့်ယန်း မြို့နယ် မန်ကောင်းကျေးရွာအနီး ဘိန်းစိုက်ခင်း ၁၃ ဧကခန့်၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာတွင် ဘိန်း စိုက်ခင်းငါးဧကခန့်ကို ဇန်နဝါရီ ၂၉ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့များက ဖျက်ဆီးခဲ့သည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော လုံခြုံရေး တပ်ဖွဲ့ဝင်များ စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များတွင် ပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာများ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်လျက်ရှိသည်။


ပန်းကောင်းအညွန့်ကျိုး၍ အနာဂတ်၏ အဖူးအညွန့်လူငယ် များ မညှိုးစေရန် ယခုကဲ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများကို ရှာဖွေဖော်ထုတ်တားဆီးကာကွယ်မှုကို ပြည်သူလူထုတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေသည် ။






အခြားဆက်စပ်သတင်းများ