နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပကို ရုရှားက ဓာတ်ငွေ့ဖြတ်တောက်မည့်အရေး အမေရိကန်နှင့် အခြားနိုင်ငံများဆွေးနွေး

ဘာလင်၊  ဇန်နဝါရီ   ၂၇


ရုရှားအနေဖြင့် ယူကရိန်းကို အရေးယူပိတ်ဆို့မှုပြုလုပ်လိုက်ပါက ရုရှားမှ သဘာ၀ဓာတ်ငွေ့ ဖြတ်တောက်မည့် အလားအလာနှင့် ပတ်သက်ပြီး  အခြား ဓာတ်ငွေ့အဓိက ထုတ်လုပ်သည့်နိုင်ငံ များ နှင့် အမေရိကန်တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း   အရာရှိများက ဇန်နဝါရီ ၂၆ ရက်တွင် ပြောသည်။ 


အမေရိကန်နိုင်ငံသည် တုံ့ပြန်မှု စီမံ ရေးအတွက် ဥရောပမဟာမိတ်များနှင့် ထိတွေ့ဆက်ဆံနေကြောင်းနှင့် ပြီးခဲ့ သည့်လများအတွင်း ရုရှားမှ ဓာတ်ငွေ့ ဖြန့်ချိမှုနည်းလာခြင်းကြောင့် လက်ရှိ စွမ်းအင်သိုလှောင်မှုများကို မည်သို့ ဆောင်ရွက်မည်ကို ဆွေးနွေးနေကြောင်း သိရသည်။  


အမေရိကန်ပြည်ထောင်စုအနေဖြင့် အမေရိကန်နယ်မြေအပါအဝင် ကမ္ဘာ တစ်လွှားဒေသများဖြစ်သော မြောက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှစ၍ အာရှဒေသများသို့ပါ  သဘာဝ ဓာတ်ငွေ့ ရင်းမြစ်များရှာဖွေရန်  ကြိုးစားနေ ကြောင်း သိရသည်။ 


ရုရှားသည် ယူကရိန်းမှတစ်ဆင့် ဓာတ်ငွေ့ ၄၀ ဘီလီယံကုဗမီတာခန့်ကို ဥရောပသို့ နှစ်စဉ် ရောင်းချလျက်ရှိသည်။


(Ref:BBC)






အခြားဆက်စပ်သတင်းများ