နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေပြင်နှင့် လေပေါ်တွင် နှစ်မျိုးအသုံးပြုနိုင်မည့်ယာဉ် ဆလိုဗက်ကီးယားတွင် စတင်မောင်းနှင်ခွင့်ပြု

ဗရာတီဆလာဗာ၊  ဇန်နဝါရီ   ၂၇


Dual-mode ဟုခေါ်သည့် မြေပြင်နှင့် လေပေါ် နှစ်မျိုးအသုံးပြုနိုင်မည့် မော် တော်ယာဉ်ကို နာရီပေါင်း ၇၀ ကြာ စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာပြု လုပ်ပြီးနောက် မောင်းနှင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဆလိုဗက်ကီးယားအစိုးရ က ကြေညာလိုက်သည်။


အဆိုပါ  မော်တော်ယာဉ်သည် လေယာဉ်ကဲ့သို့ ထွက်ခွာမှုနှင့် ဆင်းသက် မှုပေါင်း ၂၀၀ ပြုလုပ်နိုင်ကြောင်း ထုတ် လုပ်သူများက ပြောသည်။


အဆိုပါကားသည် BMW ၏ 1.6L အင်ဂျင်စက်ဖြင့်မောင်းနှင်နေပြီး ယင်း ကို လေကားဟု ခေါ်ဆိုကြကာ ယခုကဲ့သို့ အသိအမှတ်ပြုခံရပြီးနောက် ကြီးမား သည့် ထုတ်လုပ်မှုမျိုး လုပ်ဆောင်ရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ပြီးခဲ့သော ဇွန်လတွင်လည်း တစ်မြို့နှင့် တစ်မြို့ အကြား ပျံသန်းမှုကို ပထမအကြိမ် စမ်း သပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။


ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် လေ ယာဉ်ပျံအဖြစ် ပျံသန်းနေရာမှ သုံးမိနစ် အတွင်း မော်တော်ကားအဖြစ်ပြောင်း လဲသွားမည်ဖြစ်ကြောင်း လေကားကို ထုတ်လုပ်သည့် ကုမ္ပဏီကပြောသည်။  


အဆိုပါ လေကားကို စတင်တီထွင် သည့်အဖွဲ့၏   ခေါင်းဆောင်ဖြစ်သူ စတေဖန်ခလိန်း၏ ပြောကြားချက်အရ လေကားအတွက် မောင်းနှင်ခွင့်လက် မှတ်ရရှိခဲ့ခြင်းသည် ကြီးမားသည့် ပမာဏထုတ်လုပ်နိုင်ရန် လမ်းကြောင်း ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး လေပေါ်ခရီး သွားမှုနှင့်ပတ်သက်ပြီး အတည်ပြုချက် များ ဆက်လက်ရလာနိုင်ရန် မျှော်လင့် ထားကြောင်း သိရသည်။

(Ref:Yahoo)






အခြားဆက်စပ်သတင်းများ