မြန်မာနိုင်ငံရှိ ၅၅ သန်းကျော်သော လူဦးရေအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြပြီး ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းသည် ကလေးသူငယ်များ ဖြစ်ကြသည်။
နိုင်ငံတော်တွင် လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မွေးကင်းစအရွယ် ကလေးများမှစတင်၍ ကာကွယ်ဆေးထိုးနှံခြင်း ကို စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။
ဂျိုက်သိုးရောဂါကို လူသိနည်းသော်လည်း ဝက်သက်ရောဂါကို လူသိများကြသည်။ အများအားဖြင့် ဝက်သက်ရောဂါသည် ကျောင်းနေအရွယ်ကလေးများတွင် ဖြစ်ပွားလေ့ရှိသည်။ ဝက်သက် ရောဂါပျိုးရက်မှာ ၁၇ ရက်မှ ၁၈ ရက် ကြာတတ်သည်။ အများအား ဖြင့် ၁၄ ရက်မျှသာ ကြာသည်။
ဝက်သက်ရောဂါလက္ခဏာမှာ အအေးမိခြင်းနှင့် ဆင်တူပြီး ခေါင်းကိုက်တတ်သည်။ မျက်ရည်များနှင့် နှာရည်များလည်း ယိုတတ်သည်။ ညပိုင်းတွင် ကိုယ်ပူတတ်ပြီး ဖျားနာတတ်သည်။ ချောင်းဆိုးခြင်းနှင့် မျက်စိနီခြင်းလည်း ရှိတတ်သည်။ အန်လည်း အန်တတ်သည်။ ခန္ဓာကိုယ်အနှံ့ အဖုအပိမ့်များထွက်တတ်သည်။ အနီစက်များထွက်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်တူတတ် သည်။ ကျွမ်းကျင်သူဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ပြသသင့်သည်။
သွေးလွန်တုပ်ကွေးအန္တရာယ်မှ ကာကွယ်ရန် အရေးအကြီးဆုံး အချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူး သတိပြုကာကွယ်ခြင်းပင် ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့်အခါ ခြင်ထောင်ဖြင့် အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် ပိုးလောက်လမ်းနှိမ်နင်းရေးကိုလည်း သတိပြုဆောင်ရွက်သင့် သည်။
အနာဂတ်တွင် ကျန်းမာကြံ့ခိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် ရှင်သန်ရပ်တည်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ၊ မြို့နယ်၊ ကျေးရွာဒေသန္တရဆေးခန်းများတွင် ကလေး သူငယ်များအားလုံး အသက်အရွယ်အပိုင်းအခြားအလိုက် ကျန်းမာ ရေးဝန်ထမ်းများက ဆေးတိုက်ကျွေးထိုးနှံပေးနေခြင်းကို မိဘများ ကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်သည်။
ရောဂါကင်းစင်သော မိသားစုများဖြစ်ပေါ်ရေးတွင် မိဘပြည်သူ များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကူညီပါဝင်မှုသည် အလွန် အရေးကြီးသဖြင့် အသိတရားဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း အပ်ပေသည်။