နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲ အားဖြည့်စေချင်

ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက်ရသည့် စီမံကိန်းများဖြစ်ကြောင်း၊ အထက်ရဲရွာနှင့် အလယ်ရဲရွာ ရေအား လျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း၊ LNG ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ကုန်ကျစရိတ်ကြီးမြင့်ကြောင်း၊ ထို့ကြောင့်            ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းများ ဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများသာမက၊ ပြည်တွင်းကုမ္ပဏီများမှလည်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းမှာကြားသွားသည်။


မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။ ရေမှရရှိသော ရေအားလျှပ်စစ် စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသော လျှပ်စစ်ယူနစ်များ၏တန်ဖိုးကို တွက်ချက်ပါက စက်ရုံတည်ဆောက်မှု ကုန်ကျစရိတ်အား ပြန်လည်ရရှိပြီးဖြစ်သည့် အပြင်၊ ပြည်သူများ၏ လူမှုစီးပွားဘဝများကို အထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍မရသဖြင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှု များစွာရှိသည်။


နိုင်ငံ၏ လူဦးရေနှင့် မြို့ပြ၊ လူ့အသုံးအဆောင်နှင့် စက်မှု လုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိရာ အဆိုပါတိုးပွား လာသည့် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းရာ၌ လျှပ်စစ် ဓာတ်အား ထုတ်ယူမှုများသည် အရေးကြီးလှသည်။ ထိုနေရာ၌       ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝစွန့်ပစ်ပစ္စည်း လောင်စာစွမ်းအင်တို့သည် သဘာဝအလျောက် ထုတ်ယူသုံးစွဲ၍မကုန်သည့် စွမ်းအင်များဖြစ်၍ အဆိုပါစွမ်းအင်များ ကိုပါ ဖော်ထုတ်ဖြည့်စွက် အသုံးချရန်လိုအပ်လျက်ရှိသည်။


မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား သည် မရှိမဖြစ်လိုအပ်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ တည်ဆောက်ရာတွင် ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကာလကြာမြင့်စွာ တည်ဆောက်ကြရသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲရေးကိုပါ ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ခြင်းဖြင့် လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက် ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ကြရန် လိုအပ်ပေ      သည်။            ။






အခြားဆက်စပ်သတင်းများ