နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၃ ‌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများကို ဧပြီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။ ‌တွေ့ဆုံရာတွင် ၀န်ကြီးချုပ်အား အဆိုပါအဖွဲ့ချုပ်မှ တာ၀န်ရှိသူများက Corona Virus Disease 2019 (COVID-19) ကြိုတင် ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ကြက်ဥ၊ဘဲဥ၊ကြက်သား၊ ကြက်အူချောင်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဆန်အိတ်များကို လှူဒါန်း ခဲ့ကြသည်။ ‌‌တွေ့ဆုံစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)






အခြားဆက်စပ်သတင်းများ