နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောများ မပြုန်းတီးရေး စဉ်ဆက်မပြတ် တားဆီးကာကွယ်ပေး

လူသားအားလုံး   အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်းသည် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ပျက်စီးခြင်း၏ အဓိကအကြောင်းတရားထဲတွင် သစ်တောများ ပျက်စီးပြုန်းတီးခြင်းလည်း ပါဝင်သည်။


ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်အဖြစ် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်းစသည့် ဆိုးကျိုးများကို လူသားတို့ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ ရာသီဥတု ဖောက်ပြန်မှုဖြစ်စေသည့် သစ်တောများ လူ့ပယောဂကြောင့် ပြုန်းတီးခြင်းလည်း ပါဝင်သည်။ 


မြန်မာနိုင်ငံသည် ယခင်က သစ်တောသယံဇာတ ပေါများ ကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတကောင်းမွန်သဖြင့် နေချင်စဖွယ် ကောင်းသော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ လက်ရှိတွင် ၂၄ ရာခိုင်နှုန်း သာ ကျန်ရှိတော့သည်ဟု သတင်းများတွင် တွေ့နေရသည်။


ထို့ကြောင့် သစ်တောသစ်ပင်များကို အလွန်အကျွံခုတ်လှဲ ခြင်း၊ ဖျက်ဆီးခြင်းများ လုံးဝမပြုလုပ်ကြရန် လိုအပ်နေပြီဖြစ်ရာ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်၍ အလွန်အကျွံ ခုတ်လှဲဖျက်ဆီးမှုများကို ဝိုင်းဝန်းဖော်ထုတ် ကာကွယ်ကြရမည် ဖြစ်သည်။


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၁၈ ရက်၊ ၁၉ ရက် စစ်တွေမြို့နယ်တွင် သစ်မျိုးစုံ             ၃ ဒသမ ၄၉၄၆ တန်၊ တောင်ကုတ်မြို့နယ်တွင် တောင်သရက်ခွဲသား ၃ ဒသမ ၄၇၄ တန်နှင့် ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်တို့တွင် တောင်ငူ နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ် ၆ ဒသမ၂၈၆၂ တန်နှင့် အခြားသစ်မျိုးစုံ ၂ ဒသမ ၄၆ တန်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် တို့တွင် ကညင်သစ် ၁၄ ဒသမ ၄၂၈ တန် စုစုပေါင်း ကာလတန်ဖိုး  ကျပ် ၃၁ သိန်းကျော်ကို ဖမ်းဆီးရမိပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သတင်းများတွင် တွေ့ရှိရ သည်။


အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် တရားမဝင် သစ်ထုတ်လုပ်မှုများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆက်လက်၍ ထိရောက်စွာတားဆီးအရေးယူလျက်ရှိရာ သစ်တော များ ပြုန်းတီးမှုမှ ကာကွယ်တားဆီးရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေသည်။      ။






အခြားဆက်စပ်သတင်းများ