နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိကျန်းမာတို့ကမ္ဘာ

လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင်    မျက်စိသည် တန်ဖိုး အလွန်ကြီးမားပြီး        အရေးကြီးအင်္ဂါအစိတ်အပိုင်းဖြစ်သည်။          အဘယ်ကြောင့်ဟူမူ      နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့ကို မျက်စိဖြင့် အသုံးပြုဆောင်ရွက် နေကြရ၏။ မျက်စိအမြင်အာရုံချို့ယွင်းသွားလျှင်၊ မျက်စိကွယ်နေ လျှင် ဘဝ၏အစိတ်အပိုင်းအားလုံးနီးပါးဆုံးရှုံးသွားကာ လုပ်ငန်း ဆောင်တာအရာရာတို့သည် လျင်မြန်ပြီးမြောက်အောင် ဆောင်ရွက် နိုင်စွမ်းမရှိတော့ပေ။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်းမွန် ရေးအတွက် မျက်စိစမ်းသပ်မှုသည် အရေးကြီးသောလုပ်ဆောင် ချက်ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိအမြင်အာရုံစောင့် ထိန်းခြင်းသည် ပဓာနကျသောလုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုလို ခြင်းဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာ ပေါ်တွင် မျက်စိကွယ်သူပေါင်း   ခုနစ်သိန်းခန့်ရှိပြီးမျက်မမြင် လူဦးရေ ၄၅ သန်းကျော်ရှိကာ မျက်စိမှုန်သူဦးရေ ၂၄၆ သန်းကျော် ရှိသည်ဆို၏။   ယနေ့ကမ္ဘာပေါ်တွင်   ငါးစက္ကန့်လျှင်   လူတစ်ဦး၊ တစ်မိနစ်တိုင်းတွင် ကလေးငယ်တစ်ဦး မျက်စိကွယ်နေကြသည် ဟု သိရသည်။


ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင် ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည်  ကာကွယ်ကုသ၍ရသည့် မျက်စိ ရောဂါများဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအမြင်အာရုံချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်ကြသူများဖြစ်သည် ဆို၏။ ထိုသူများမှာ မျက်စိနှင့်ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း၊ ဗဟုသုတနည်းပါးလျက်ရှိကြသူများပင်ဖြစ်သည်။



လူ့ဘဝအတွက် အရေးကြီးသည့် မျက်စိကို ရောဂါကင်းရှင်း စေရန် မိမိကိုယ်တိုင်စောင့်ရှောက်ရန် လိုအပ်သည်။ မျက်စိကွယ် ခြင်းမှကင်းဝေးစေရန်   မျက်စိနှင့် မျက်စိရောဂါများအကြောင်း သိရှိထားရန်လိုအပ်သည်။


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကိုကွယ်စေ နိုင်သောအဖြစ်များသည့်    ရောဂါများမှာ     အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည်လွှာအနာရောဂါ၊မျက်စိ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့်  ကလေးများတွင် ဗီတာမင်အေချို့တဲ့ ခြင်းတို့ဖြစ်သည်။ ယင်းအပြင် ဆီးချို၊ သွေးချိုတို့ကြောင့်လည်း နောက်ဆက်တွဲမျက်စိရောဂါများကို ဖြစ်စေသည်။


ထို့ကြောင့် မျက်စိနှင့်ပတ်သက်သည့် ဗဟုသုတများ ဆည်းပူး ရန်နှင့် ရောဂါမဖြစ်ပွားရန် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားပါက အချိန်မီကုသခြင်း၊ စစ်ဆေးခြင်းဖြင့် "မျက်စိကျန်းမာ တို့ကမ္ဘာ ဆောင်ပုဒ်နှင့်အညီ" အမြင်စွမ်းအားကောင်းမွန်စေရေး အလေး ထားဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ