နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၅ နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့တွင်ပါဝင်ပြသမည့် အလှပြယာဉ် သုံးစီး တည်ဆောက်တပ်ဆင်နေမှုများ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၂၁


နေပြည်တော်တွင်ကျင်းပ မည့် ၇၅ နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ဗိုလ်ရှုသဘင် အခမ်းအနားတွင် ပါဝင်ပြသ မည့် အလှပြယာဉ် သုံးစီးတည် ဆောက် တပ်ဆင်နေမှုများကို ယနေ့ နံနက်ပိုင်းကရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် ဝန်ကြီးများက သွားရောက် ကြည့်ရှုစစ်ဆေးကြ သည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဝန်ကြီးများသည် မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) တွင် ဗိုလ်ရှုသဘင် အခမ်းအနား ၌ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ပါဝင်ပြသမည့် အလှပြယာဉ် သုံးစီးတည် ဆောက် တပ်ဆင်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးရာတာဝန်ယူဆောင်ရွက်နေ သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ ဖြစ် ကြသည့်  စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးတို့က လိုက်လံရှင်းလင်း ပြသကြသည်။


ထို့နောက် ယာယီရှင်းလင်း ဆောင်တွင် ယာဉ်တစ်စီး ချင်း အလိုက် အဓိပ္ပာယ်ဖော်ပြမှုများ နှင့် သရုပ်ဖော်ပြသမည့် တိုင်း ရင်းသားများနှင့် ဝန်ထမ်းများ နေရာချထားမှုများကိုစီးပွားရေး ရာ ဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က အသီးသီး ရှင်းလင်း တင်ပြကြ သည်။


ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် ကဏ္ဍ အလိုက် ညှိနှိုင်းပေါင်းစပ် ဖြေ ရှင်းပေးပြီး လိုအပ်ချက်များကို ဖြည့်စွက် မှာကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ပြသမည့် အလှပြယာဉ်သုံးစီးတွင်ပထမ ယာဉ်၌ ရန်ကုန်တိုင်းဒေသ ကြီး၏ Land Mark ယာဉ် အဖြစ် ကားရှေ့ခန်းပေါ်တွင် တိုင်းဒေသကြီး မြေပုံနှင့်နောက် တွင်ကရဝိက်ဖောင်တော်ပေါ်၌ ရွှေတိဂုံဘုရား ပုံစံတူပုံတော်ကို ထည့်သွင်း၍ယာဉ်ပေါ်တွင် နတ်မင်းကြီးလေးပါးဝန်းရံကြည်ညိုစေကာယာဉ်၏ ဘေးဝဲယာမှ ဒေဝါဝင်း ၁၂ ဦးဝန်းရံမည်ဖြစ်ပြီး ဘာသာ သာသနာနှင့် ပတ် သက်သော တေးသီချင်းဖွင့် ချီတက်မည်ဖြစ်သည်။


ဒုတိယယာဉ်၌ ရန်ကုန် တိုင်းဒေသကြီး၏ ဒေသထွက် ကုန်အဖြစ် လယ်ယာ၊ သား၊ ငါး၊ စက်မှုနှင့်ပို့ဆောင် ဆက် သွယ်ရေးကဏ္ဍနှင့် သက်ဆိုင် သည့် ထွက်ကုန်ပစ္စည်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရုပ်လုံးကြွ ပုံစံငယ်များဗီနိုင်း များဖြင့် ပြသဆောင်ရွက်သွား မည်ဖြစ်ပြီး၊ ယာဉ်အောက်ဘေး ဝဲယာမှ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၊ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ/ဆရာမ များ၊ အလုပ်သမား၊ လယ် သမား၊ စက်ရုံလုပ်သားများကို ကိုယ်စား ပြုသည့်တေးသရုပ်ဖော်သူများ ဝန်းရံစေပြီး စက်မှုဖွံ့ဖြိုးတိုး တက်ရေးနှင့် ပတ်သက်သော သီချင်းဖွင့်လှစ်၍ ချီတက်မည် ဖြစ်ကာ တတိယယာဉ်ပေါ်တွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ် များ၊ အမျိုးသားရေး အထိမ်း အမှတ်များကို ဖော်ညွှန်းပြသ ထားသည့် ပြကွက်များကို ဗီနိုင်းဖြင့် ပြသထားကာ ရန်ကုန် တိုင်းအတွင်းရှိ အထင်ကရ တိုက်တာ အဆောက်အဦများ၊ မြို့တော်ခန်းမနှင့် လွတ်လပ် ရေး မော်ကွန်းကျောက်တိုင်တို့ ကို ရုပ်လုံးကြွပုံစံငယ်များတည် ဆောက် ပြသမည်ဖြစ်ပြီး၊ ယာဉ် ၏ အပေါ်နှင့် အောက်ဘေး ဝဲယာတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား မျိုးစုံ၏ ဝတ်စားဆင်ယင်မှုများကိုဖော် ညွှန်း ပြသမည့်သူများကို ဝန်းရံ ချီတက်စေပြီး ပြည်ထောင်စု နေ့နှင့် ပတ်သက်သော၊ရန်ကုန် တိုင်းဒေသကြီးနှင့် ပတ်သက် သော သီချင်းများ ဖွင့်လှစ်၍ ချီတက်နိုင်ရေး ကြီးကြပ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ