နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်ဆောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာ အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

မိုင်းယန်း ဇန်နဝါရီ   ၂၁


မိုင်းယန်းမြို့နယ် ပန်ဆောင်ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းကျေးရွာ အတိုးရငွေဖြင့်  ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်သည်။


အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းကို မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေ၏  ၅၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၇၅ သိန်းဖြင့် ကွန်ကရစ်လမ်း အရှည် ၄၀၀ ပေ၊ အကျယ် ရှစ်ပေ ၊ ထု ခြောက် လက်မကို ဇန်နဝါရီနောက်ဆုံးပတ်မှ  စတင်၍  ဆောင်ရွက် သွားမည်ဖြစ်သည်။


မိုင်ယန်းမြို့နယ် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းယူနစ် ၁၁ ယူနစ်၊ ကျေးရွာ ၁၇ ရွာတွင် ဆောင်ရွက်လျက်ရှိသည်။

ထွန်းမြင့်အောင်






အခြားဆက်စပ်သတင်းများ