နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်စုနှစ်သုံးခုအတွင်း ဗြိတိန် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးရောက်ရှိလာ

လန်ဒန်   ဇန်နဝါရီ   ၂၁


ယူကေ(ဗြိတိန်)၏ လူနေမှုစရိတ် မှာ ဆယ်စုနှစ်သုံးခုအတွင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ သိရ သည်။  နိုင်ငံအတွင်း ငွေကြေးဖောင်းပွ မှုသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁၉၉၂ ခုနှစ် မတ်လနောက်ပိုင်းမှစ၍ အမြင့်ဆုံးနှုန်းထား ဖြစ်လာကြောင်း အမျိုးသားစာရင်းအင်းရုံး (ONS) ၏ အချက်အလက်များအရ သိရသည်။  


ONS ၏ အချက်အလက်များအရ အိမ်ပိုင်ရှင်များ၏ အိမ်ရာစရိတ်များ အပါအဝင် စားသုံးသူအညွှန်းကိန်းမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ၄ ဒသမ ၈ ရာခိုင်နူန်း၊ နိုဝင်ဘာလတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း ထိ မြင့်တက်လာကြောင်း၊ ယင်းသို့ မြင့်တက်လာပြီးနောက် စားသောက်ကုန်များ၊ ပရိဘောဂနှင့် အဝတ်အစားများပါ စျေးလိုက်ပါမြင့် တက်ခြင်းများရှိနေကြောင်း သိရသည်။  


ဗြိတိန်တွင် စွမ်းအင်စျေးနှုန်းများ မြင့်တက်ခြင်းနှင့် ကားဟောင်းဝယ်လို အား မြင့်တက် လာခြင်းကြောင့်စွမ်းအင် ကုန်ကျစရိတ်များနှင့် ငွေကြေးဖောင်းပွ မှုများမြင့်တက်ကာ ယခုလတွင် လူတစ်ဦး၏ ပျမ်းမျှကုန်ကျစရိတ်မှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ် သည်။ 

(ref:Reuters)






အခြားဆက်စပ်သတင်းများ