နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာတိုပစ် တင့်ကားဖျက် ဒုံးကျည်ထောင်ပေါင်းများစွာ ယူကရိန်းသို့ဗြိတိန်ထောက်ပံ့

လန်ဒန်   ဇန်နဝါရီ   ၂၁


ဗြိတိန်သည် ယူကရိန်းသို့ ထောင် ပေါင်းများစွာသော တာတိုပစ်တင့်ကား ဖျက်ဒုံးကျည်များကို ထောက်ပံ့ပေး လိုက်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ်ဟီပေးက ရေဒီယို အသံလွှင့်ဌာန တစ်ခုသို့ ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ ယူကရိန်း နိုင်ငံသည် ယင်းတို့၏ နိုင်ငံသားများအတွက် ဂုဏ်ယူစရာ ကောင်းသော အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်ခုဖြစ်ပြီး တိုက်ပွဲဝင်ရန်  အသင့်ရှိနေရမည်ဖြစ်ကြောင်း ဝန်ကြီး က မှတ်ချက်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။ 


ဗြိတိန်စစ်တပ်အနေဖြင့် မိမိကိုယ် မိမိ ခုခံကာကွယ်ရန်အတွက် ယူကရိန်း နိုင်ငံသို့ တာတိုပစ်တင့်ကားဖျက် လက်နက်များဝေငှခဲ့ခြင်းဖြစ်ပြီး  ယခု သီတင်းပတ်အစောပိုင်းတွင် ပခုံးထမ်း ပစ်လွှတ်သည့် လေယာဉ်ပစ်ဒုံးကျည် စနစ်များအပါအဝင် ယူကရိန်းသို့ လက်နက်များ တိုးမြှင့်ပေးပို့ထားကြောင်း အမေရိကန်နှင့် ဗြိတိန်တာဝန်ရှိသူများ က ပူးတွဲကြေညာချက်ထုတ်ပြန်ထား သည်။  


ရုရှားကမူ ယင်းလုပ်ရပ်မှာအခြေ အနေကို ပိုမိုဆိုးရွားစေမည်ဟု ဝေဖန် ထားပြီး ယူကရိန်းကို ကျူးကျော်ရန် ရုရှား၏ အစီအမံများနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများအနေဖြင့် ထင်ကြေး ပေးမှုကို ပြင်းပြင်းထန်ထန်ငြင်းဆို လျက်ရှိသည်။ 

(ref:Reuters)






အခြားဆက်စပ်သတင်းများ