နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ် ဘက်စုံထောင့်စုံ ပူးပေါင်းကာကွယ်

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဥပဒေကို ပြဌာန်းခဲ့ပြီး မူးယစ် ဆေးဝါးစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူ၊ ဖြန့်ဖြူးသူ လက်ဝယ်ထားရှိသူတို့ကို ထိရောက်စွာအရေးယူဆောင်ရွက်လျက် ရှိသည်။


မြန်မာနိုင်ငံ  မူးယစ်ဆေးဝါးပပျောက်ရေးတွင်  ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး ပြည်သူ လူထုနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင်  တက်ညီလက်ညီပါဝင်မှ လျော့နည်းပပျောက်မည်ဖြစ်သည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့များ သည်   ဇန်နဝါရီ ၁၉ ရက်က   တာမွေမြို့နယ်၊  မအူကုန်းရပ်ကွက်၊ မအူကုန်းလမ်းထိပ်တွင် ကျော်စိုးလှိုင် မောင်းနှင်ပြီး၊ ဖြိုးမင်းကျော် (ခ) ကိုဖြိုး လိုက်ပါလာသည့် Crown အမျိုးအစားမော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သမ ၃ သိန်းကို  ဖမ်းဆီးရမိကြောင်း သတင်းများတွင် တွေ့ရသည်။ ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိမှုသတင်းများတွင်     ရှမ်းပြည်မြောက်ပိုင်းမှ    ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ကရင်ပြည်နယ် စသည့်ဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ အများ အပြားတွေ့ရသည်။


"မူးယစ်ဆေးဝါးနှင့်ပတ်သက်၍  လတ်တလော နိုင်ငံရေးအခြေ အနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်သူများအနေ ဖြင့် မူးယစ်ဆေးဝါးများကို နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိကြောင်း၊

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာလ အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး၊ ဖမ်းဆီးရမိမှု မူးယစ်ဆေးဝါးများအနေဖြင့်   WY   ဆေးပြားပေါင်း ၁၂၈ သန်း၊ အိုက်စ်ကီလိုဂရမ် ၁၁၁၉၀၊ ဘိန်းဖြူ ၁၄၅၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၂၂၇ ကီလိုဂရမ်၊ ကတ်တမင်း ၅၄ ကီလိုဂရမ်၊ ကိုကင်း ၇၄ ကီလိုဂရမ် နှင့် အခြားပစ္စည်း ၁၉၇၈၆၉ ကီလိုဂရမ်၊ စုစုပေါင်းတန်ဖိုးငွေ ၅၀၆ ဒသမ ၉၇ ဘီလီယံရှိကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးသူများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်အနေဖြင့် ထိထိရောက်ရောက်     ရှာဖွေဖော်ထုတ်     ဖမ်းဆီးရန်လိုကြောင်း" ပြည်ထောင်စုအစိုးရအဖွဲ့အစည်း (၁/၂၀၂၁)၌ စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်၊ ဌာနဆိုင်ရာနှင့် တာဝန်သိပြည်သူများပူးပေါင်းကာ      စဉ်ဆက်မပြတ်ဖော်ထုတ် နှိမ်နင်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချနေသူများကို   စဉ်ဆက်မပြတ်  ဘက်စုံ၊ ထောင့်စုံမှ ပူးပေါင်းဆောင်ရွက် တားဆီးကာကွယ်နှိမ်နင်းသွားရန် လိုအပ်လျက် ရှိကြောင်း အသိပေးတိုက်တွန်းအပ်ပေသည် ။






အခြားဆက်စပ်သတင်းများ