နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲခဲ့သည့် တရုတ် ဆရာဝန် သေဆုံး

ဇွန်  ၃ ဘေဂျင်း


COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲသွားခဲ့သည့် တရုတ်ဆရာဝန် သေဆုံးခဲ့ခြင်းကြောင့် တရုတ် အာဏာပိုင်များအနေဖြင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။


ဆီးနှင့် ကျောက်ကပ်ရောဂါ ကုသပေးသည့် ဆရာဝန် ဟူဝေဖုန်းမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ဗဟိုဆေးရုံကြီးတွင် တာဝန်ကျသူဖြစ်သည်။


ယင်းသည် ပြီးခဲ့သည့်ဇန်နဝါရီလနှောင်းပိုင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ဇွန်လ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ပြီးခဲ့သည့်မတ်လတွင် COVID-19 ရောဂါ ကုသမှုခံယူနေစဉ် အသည်း အလုပ် မလုပ်ခြင်းကြောင့် ဟူဝေဖုန်း၏ အသားအရေ အနက်ရောင်ပြောင်းလဲသွားခဲ့ရာ နိုင်ငံတကာ မီဒီယာများတွင် ခေါင်းကြီးသတင်းဖြစ်ခဲ့သည်။


ဟူဝေဖုန်း သေဆုံးခဲ့သည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ယင်း၏နာရေးသတင်းကြောင့် တရုတ်လူမှုကွန်ရက်စာမျက်နှာများတွင် ဒေါသထွက်ကြောင်း ရေးသားဖော်ပြမှုများရှိခဲ့သည်။


ဟူဝေဖုန်းသည် ရောဂါကူးစက်ခံရပြီး နှစ်လအတွင်း ဆေးရုံတစ်ခုပြီးတစ်ခုတွင် ပြောင်းလဲကုသခဲ့ရပြီး မတ်လအလယ် တွင် ရောဂါအခြေအနေ တိုးတက်မှုရှိခဲ့သည်။ သို့သော် ဧပြီလနှောင်းပိုင်းနှင့် မေလတွင် ဦးနှောက်သွေးယိုစိမ့်မှု ခံစားခဲ့ရသည်။                                                                                        


(KNT)






အခြားဆက်စပ်သတင်းများ