နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တန်း တံတားမြို့ အမျိုးသမီးတစ်ဦးလည်ပင်းဓားဖြင့် ခုတ်သတ်ခံရမှုဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၁၉


တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ နယ်၊ တံတားမြို့၊ ဆင်မကော်ကျေးရွာ အနောက်ဘက်ချောင်းအနီး ဓနိတော အတွင်းတွင် ထင်းခွေသွားသည့် အမျိုး သမီးတစ်ဦး လည်ပင်းဓားဖြင့်ခုတ် သတ်ခံရမှု ဖြစ်ပွားသည်။


ဖြစ်စဉ်မှာ တရားလိုဖြစ်သူ ဆင်မ ကော်ကျေးရွာနေ ဦးတင်ဝင်းသည်  အိမ် နောက်ဖက်တွင် နေထိုင်သည့် ညီမ ဖြစ်သူ ဒေါ်ခင်နွယ်(စိတ်မနှံ့သူ) ၄၇  နှစ် သည် ဇန်နဝါရီ ၁၇ ရက်က ထင်းခွေထွက် သွားရာမှ ပြန်ရောက်မလာသောကြောင့် လိုက်လံရှာဖွေရာ ဆင်မကော်ကျေးရွာ အနောက်ဖက်ချောင်းအနီး ဓနိတော အတွင်း ညီမဖြစ်သူဒေါ်ခင်နွယ်သည် လည်ပင်းဓားခုတ်ပြတ်ရှ ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ ရသည်ဆို၏။


အခင်းဖြစ်နေရာ ပတ်ဝန်းကျင် ကိုမေးမြန်းစုံစမ်းရာ ဒေါ်ခင်နွယ်(စိတ် မနှံ့သူ) သေဆုံးသည့် နေရာနှင့်ကိုက် ၁၀၀ ခန့်တွင် ဒေါ်ဇင်မာနွယ်၏ လယ် ကွင်းထဲတွင်တဲထိုး၍ နေထိုင်သည့် ဦးဌေး ၅၀ နှစ်၊ ဇနီးဖြစ်သူ ဒေါ်ချိုမာ ၃၆ နှစ်၊ သားဖြစ်သူ မောင်ချမ်းမြေ့ ၁၉ နှစ်တို့ သုံးဦးနှင့်စကားများ ရန်ဖြစ် သံကြားရကြောင်း သိရပြီးနောက်၊ လယ် ပိုင်ရှင် ဒေါ်ဇင်မာနွယ်တဲမှ လွန်ခဲ့သော  ၁၀ ရက်ခန့်က ဦးဌေးမိသားစု ငှားသွား သောဝါးရိုးတပ်ထင်းခုတ် ဓားမကို အခင်းဖြစ်နေ့ခင်းပိုင်းတွင် (မသင်္ကာ ဖွယ်ရာရေများ ပြောင်စင်အောင်ဆေး ကြောထားပြီး) ဦးဌေးကဒေါ်ဇင်မာ နွယ်ထံ ပြန်အပ်နှံပြီးနောက် ၎င်းတို့ မိသားစုသုံးဦးသည် ဆိုင်ကယ်တစ်စီး ဖြင့် ဆင်မကော်ကျေးရွာဘက်သို့ထွက် သွားကြောင်း သိရသဖြင့်ဦးဝင်းတင် က တရားလိုပြုလုပ်၍ ညီမဖြစ်သူ ဒေါ်ခင်နွယ်အား ဓားဖြင့်ခုတ်သတ်သွား သူမသင်္ကာဖွယ် ဦးဌေးတို့မိသားစု သုံးဦးအား အရေးယူပေးရန် တံတား နယ်မြေရဲစခန်းတွင် တိုင်ကြားထားရာ  တံတားနယ်မြေရဲစခန်းက တရားခံ ဦးဌေးတို့ မိသားစုသုံးဦးအား ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျောက်တန်း






အခြားဆက်စပ်သတင်းများ