နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှောင်ခိုတင်သွင်းသည့် အာလူးများကြောင့် အာလူးစိုက်တောင်သူများ အရှုံးပေါ်

လားရှိုး ဇွန် ၃

ရှမ်းပြည်နယ်အတွင်းရှိအာလူးစိုက်တောင်သူများသည် တရုတ်နိုင်ငံအတွင်းမှ မှောင်ခိုတင်သွင်းလာသော အာလူးများ စျေးကွက်အတွင်းသို့ရောက်ရှိနေခြင်းကြောင့် ကြီးမားသည့်ထိခိုက်ဆုံးရှုံးမှုများနှင့်ကြုံတွေ့လျက် ရှိကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အာလူးစိုက်တောင်သူများထံမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ မှောင်ခိုနည်းလမ်းများဖြင့် တင်သွင်းလာသောအာလူးများသည် စျေးနှုန်းချိုသာ ခြင်းကြောင့် ပြည်တွင်း၌ စိုက်ပျိုးသောအာလူးစိုက်တောင်သူများအနေဖြင့် ထွက်ရှိသော အာလူးများကို စျေးကွက်အတွင်း၌ရောင်းချရန်ခက်ခဲလျက်ရှိသောကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ် သည်။

တရုတ်နိုင်ငံဘက်မှ မှောင်ခိုနည်းလမ်းများဖြင့် တင်သွင်းလာသောအာလူးများသည် အရည်အသွေးပိုင်း တွင် ပြည်တွင်းမှထွက်ရှိသောအာလူးများထက် ပိုမိုကောင်းမွန်သည့်အပြင် စျေးနှုန်းပိုင်းတွင်လည်း ပိုမို သက်သာသောကြောင့် ပြည်တွင်းမှထွက်ရှိသော အာလူးများအားရောင်းချရန်မလွယ်ကူကြောင်း အာလူးစိုက် တောင်သူများကပြောသည်။

ပြည်တွင်း၌ အာလူးအား ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ လက်ရှိ အချိန်၌ အာလူးစိုက်ဧကစုစုပေါင်းမှာ တစ်သိန်းနီးပါးရှိနေခြင်းကြောင့် မှောင်ခိုနည်းလမ်းများဖြင့် အာလူး များတင်သွင်းနေခြင်းကို အရေးယူရန်လိုအပ်သည်ဟု အာလူးစိုက်တောင်သူများက ပြောသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ