နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံ၏ နျူကလီးယားရေငုပ်သင်္ဘောများ တည်ဆောက်သည့် ဗျူဟာမြောက်သင်္ဘောကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေ

ဇွန် ၃  မော်စကို


ရုရှားနိုင်ငံ၏ နျူကလီးယား ရေငုပ်သင်္ဘောများ တည်ဆောက်ရာ သင်္ဘောကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသည်။


ရုရှားနိုင်ငံ၏ အာတိတ်စက်ဝိုင်းမြောက်ပိုင်းရှိ ဆီဗရိုဗင့်စ်ဒေသမှ ဗျူဟာမြောက်သင်္ဘောကျင်းမှာ ရေတပ်အတွက် နျူကလီးယားလက်နက် တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများ တည်ဆောက်ပေးသည့်နေရာ ဖြစ်သည်။


ဆီဗရိုဗင့်စ်ဒေသရှိ ဆက်မက်ရှ်မြို့တွင် သင်္ဘောကျင်းအလုပ်သမား ၃၀၀၀ လောက်ရှိသော်လည်း လက်ရှိအချိန်တွင် တစ်ဝက်လောက်သာ အလုပ်ဆင်းနိုင်သည်။ မေလ ၂၆ ရက်အထိ စစ်ဆေးမှုအရ ဆက်မက်ရှ်မြို့ သင်္ဘောကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၉၉ ဦး ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်။


ရေငုပ်သင်္ဘောများ ပြုပြင်ပေးပြီး အလုပ်သမား ၁၁၀၀၀ ရှိသည့် ဇက်ဒေါ့ချ်ကီသင်္ဘောကျင်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်။


ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်ဖွယ်ရှိသည့် ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း ၅၀ တွင် စမ်းသပ်ထိုးနှံမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် အဆိုပါဆေးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။                                               


(KNT)






အခြားဆက်စပ်သတင်းများ