နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့ နေ့စဉ်စား သုံးမှုဘဝနှင့် လူမှုဆောင်တာများတွင်ဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ ခေတ်မီစနစ်ကျနမှုများကို  ကြိုးပမ်းဆောင်ရွက်နေကြရဦးမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များထဲ တွင် ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပိုးမွှား နှင့် အဆိပ်အန္တရာယ်ကင်းစင်ရေးကို  ဆောင်ရွက်ကြရမည်ဖြစ် သည်။


မြန်မာနိုင်ငံရှိ ပြည်သူတို့၏ လူနေမှုစရိုက်သဘာဝနှင့် အနေ အထားများအရ ပြည်သူတို့နေ့စဉ်စားသုံးနေသော အစားအစာ များကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင် စားသုံးကြရမည်သာဖြစ်သည်။


ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလတွင် ဝမ်းပျက်၊ ဝမ်း လျှောရောဂါဖြစ်ပွားလေ့ရှိတတ်သည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ သည် မသန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ်သောရောဂါတစ်ခုဖြစ်သည်။ ပြင်းထန်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ် ပြီး ရောဂါပြင်းထန်ပြီး အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်သည် အထိ ဖြစ်ပေါ်တတ်သည်။


ကလေးသူငယ်များတွင်ဖြစ်ပွားသော  ဝမ်းပျက်၊ ဝမ်းလျှော ရောဂါမှာ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အချိန်မီထိရောက်ပြည့်စုံသော ကုသမှုခံယူရန်လိုအပ်သည်။


ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် တစ်ကိုယ် ရေသန့်ရှင်းရေးဂရုပြုဆောင်ရွက်ခြင်း၊    အစာမစားမီနှင့် လူနာ ကိုင်တွယ်ပြီးတိုင်း ကလေးပြုစုပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်းတို့လိုအပ်သည်။ ထို့ပြင် အစားအစာကို ပူပူနွေးနွေးစားသောက်ခြင်း၊ ယင်နားစာ များရှောင်ကြဉ်ခြင်း၊ ရေကိုကျိုချက်သောက်သုံးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုဆောင်ရွက် ခြင်းတို့ဖြင့်  ရောဂါကြိုတင်ကာကွယ်ရေးပြုလုပ်ကြရန်  လိုအပ် သည်။


ဝမ်းပျက်၊    ဝမ်းလျှောရောဂါဖြစ်ပွားလျှင်လည်း   နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အချိန်မီကုသမှုခံယူရန်နှင့် ကူးစက်ပျံ့ပွား မှုကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများ မဖြစ်ပွားရေးအတွက် ပြည်သူတိုင်းက  အသိတရားဖြင့်  သတိထားစားသောက်နေထိုင် ကြရန် တိုက်တွန်းအပ်ပေသည် ။






အခြားဆက်စပ်သတင်းများ