နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်တိုက်ခတ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဝင်ရောက်တိုက်ခတ်မည်

ဇွန် ၃ နယူးဒေလီ


အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အာဏာပိုင်များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။


ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ(Nisarga)မှာ မဟာရက်ရှ်ထရာပြည်နယ်အနီးရှိ အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ဖွယ်ရှိပြီး ဂူဂျာရတ်ပြည်နယ်လည်း မုန်တိုင်းဒဏ်ခံစားရဖွယ်ရှိသည်။


ပြည်နယ်နှစ်ခုလုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့ (NDRF) စေလွှတ်ထားသည်။ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(Amphan) ဝင်ရောက်တိုက်ခတ်ပြီး ရက်သတ္တနှစ်ပတ်အကြာတွင် ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။


အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်တိုက်ခတ် ခဲ့ခြင်းကြောင့် လူ ၈၅ ဦးကျော် သေဆုံးခဲ့သည်။


ဆိုင်ကလုန်းမုန်တိုင်း ဆာနာဂါ၏လမ်းကြောင်းကို အတိအကျ ခန့်မှန်းနိုင်ရန် အချိန်ယူရမည်ဖြစ်သော်လည်း မွမ်ဘိုင်းမြို့ကို တိုက်ရိုက်တိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု မိုးလေဝသဌာန အရာရှိများက ပြောသည်။


ယင်းကဲ့သို့ တိုက်ခတ်ပါက မွမ်ဘိုင်းမြို့မှာ ၁၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရခြင်းဖြစ်မည်ဟု သိရသည်။


လက်ရှိအချိန်တွင် မွမ်ဘိုင်းမြို့မှာ မိုးသက်လေပြင်းဒဏ် ခံစားနေရသည်။ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့(NDRF)က သေဆုံးသူလုံးဝမရှိအောင် ဆောင်ရွက်နေသည်ဟု ဆိုသည်။                                                                                                                                  


(KNT)






အခြားဆက်စပ်သတင်းများ