နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပကတိအတိုင်းတည်ရှိသည့် မိုးသစ်တော ဆုံးရှုံးမှုအများဆုံး နိုင်ငံများစာရင်းတွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ ပါဝင်

ဇွန် ၃ ကင်ရှာဆာ


ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ပကတိအတိုင်း တည်ရှိခဲ့သည့် မိုးသစ်တော ဆုံးရှုံးမှု အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။


ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံတွင် မိုးသစ်တော ဟက်တာဧက ၄၇၅၀၀၀ အထိ ဆုံးရှုံးခဲ့ပြီး ဘရာဇီး၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည်။


ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့်ရေးအဖွဲ့(Global Forest Watch)၏ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တောအတွင်း သစ်တောဆုံးရှုံးမှု ဟက်တာဧက တစ်သန်းကျော်ဖြစ်သွားခဲ့သည်ဟု ဆိုသည်။


ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံတွင် အကောင်းပကတိအတိုင်း ရှိနေသည့် သစ်တောဆုံးရှုံးမှုအများစုမှာ ဒေသခံများ စားနပ်ရိက္ခာစိုက်ပျိုးသည့်နေရာများတွင် ဆုံးရှုံးရခြင်းဖြစ်သည်။


သို့သော် သစ်တောဆုံးရှုံးမှုအချို့မှာ စီးပွားဖြစ် သစ်ခုတ်မှု၊ မိုင်းတူးဖော်မှု၊ ဆီအုန်းစိုက်ပျိုးမှုများနှင့် ဆက်နွှယ်နေသည်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ မူလအတိုင်း တည်ရှိနေသည့် မိုးသစ်တောများ ပါဝင်သော ကွန်ဂိုချိုင့်ဝှမ်း တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်သည်။ သက်တမ်းအလွန်ရင့်သည့် သစ်ပင်များမှာ ကာဗွန်အများအပြားကို စုပ်ယူထားခြင်းကြောင့် အဆိုပါသစ်ပင်များကို မီးရှို့လိုက်ပါက လေထုထဲသို့ ကာဗွန်အများအပြား ထုတ်လွှတ်လေ့ရှိသည်။                                                                                


(KNT)






အခြားဆက်စပ်သတင်းများ