နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက်၊ ရေအခက်မကြုံရအောင် အစိမ်းရောင်ဖွံ့ဖြိုး‌ရေး ဖော်ဆောင်

မြန်မာနိုင်ငံအထက်ပိုင်းရှိ မြစ်၊ ချောင်းများတွင် ရေများ လျော့နည်းလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီ ဒုတိယပတ်အတွက် သတင်းထုတ်ပြန်ထား သည်။ ပူပြင်းခြောက်သွေ့သောရာသီ ရောက်ရှိလာ၍ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များတွင် မြစ်၊ ချောင်း၊ ရေကန်များ ရေလျော့နည်း လာပြီကို ကြိုတင်သိရှိနိုင်ရန်ဖြစ်သည်။


သို့ဖြစ်၍ နိုင်ငံအတွက်အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်း များအတွက်လည်းကောင်း၊ သောက်သုံးရေအတွက်လည်းကောင်း လိုအပ်သော ရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့် ထိန်းသိမ်း ကာ အကျိုးရှိစွာသုံးစွဲရန် လိုအပ်လာပြီဖြစ်သည်။


ကျေးလက်နေပြည်သူများ ရေချိုရရှိရေး၊ လူနေမှုဘဝမြင့်မား ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဦးစီးဌာနက ဆည်၊ မြောင်း၊ ကန်၊ ချောင်းများ ကို ပြန်လည်တူးဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ကျေးရွာများ ရေရရှိရေးကို အစဉ်တစ်စိုက် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ 


ရေတွင်းရေကန်များကို လူထုအဖွဲ့အစည်းများဖြင့်သော် လည်းကောင်း၊ စက်ယန္တရားအကူအညီဖြင့်သော်လည်းကောင်း၊ ဒေသဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့်သော် လည်းကောင်း၊ ရေချိုအရင်းအမြစ်များ မဆုံးရှုံးစေရန် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ကမ္ဘာ့လူဦးရေ လျှင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီး သော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ထားသည်။

ကျေးလက်နေပြည်သူများ ရေချိုရရှိရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း စိမ့်စမ်းများမှ ရေသွယ် ယူခြင်း၊ စက်ရေတွင်းများ တူးဖော်ခြင်းတို့ကို ကျေးရွာသူ၊ ကျေးရွာ သားများနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည်။


ယနေ့ကြုံတွေ့နေရသော သန့်ရှင်းသော သောက်သုံးရေ ရှားပါးလာခြင်း၊ ရေထွက်များ ခန်းခြောက်လာခြင်း၊ မြေအောက်ရေ များ ဆုတ်ယုတ်လာခြင်းတို့ကို သက်ဆိုင်ရာများက ငွေကြေးနှင့် နည်းပညာများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကာ အစိမ်းရောင် ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေသကဲ့သို့ ပြည်သူများကလည်း ရေအလေအလွင့်မရှိအောင် ချွေတာသုံးစွဲကာ အစိမ်းရောင်ဖွံ့ဖြိုး ရေးကို အထောက်အကူပြုကြရန် တိုက်တွန်းအပ်ပေသည်။     ။






အခြားဆက်စပ်သတင်းများ