နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
5G ထက် အဆ ၂၀ မြန်သည့် 6G အမြန်နှုန်း တရုတ်နိုင်ငံတွင် စမ်းသပ်အောင်မြင်

ပေကျင်း    ဇန်နဝါရီ    ၈


တယ်ရာဟတ်စ် THz ဟုခေါ် သည့် ဝါယာကြိုးမဲ့ကမ္ဘာ့အမြန်ဆုံး ဆက်သွယ်ရေးကွန်ရက် 6G ကို တရုတ် နိုင်ငံတွင် အောင်မြင်စွာစမ်းသပ်နိုင် ခဲ့ပြီး အဆိုပါ 6G သည် ယခင် 5G ထက် အဆပေါင်း  ၂၀ အထိ မြန်ဆန်ကြောင်း တရုတ်က ကြေညာလိုက်ပြီဖြစ်သည်။ ဆက်သွယ်ရေး လိုင်းဆွဲအား ၃၆၀-၄၃၀ GHz ရှိသည့် အဆိုပါ 6G ဆက်သွယ်ရေးစနစ်သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆုပြည်နယ်၏ မြို့တော်ဖြစ်သည့် နန်ဂျင်းမြို့တွင်   စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး တစ် စက္ကန့်လျှင် အင်တာနက်အမြန်နှုန်း ၁၀၀ ကီကာဘိုက်မှ ၂၀၀ ကီကာဘိုက် အထိဆွဲအားရှိသည်။ 


ဓာတ်ခွဲခန်း၏ အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ယူထားသည့် သုတေသီ ယူရှောင်ဟု၏ ပြောကြားချက်အရ တယ်ရာဟတ်စ် နည်းပညာသည် 6G နည်းပညာအတွက် အခြေခံကျသော ကွန်ရက်တစ်ခုဖြစ်ပြီး AR နှင့် VR တို့တွင်လည်း ကျယ်ပြန့်စွာအသုံးပြု နေကြသည်။ 


ထို့ပြင် တယ်ရာဟတ်စ်နည်းပညာ များသည် ဂြိုလ်တုများတစ်ခုနှင့်တစ်ခု ဆက်သွယ်ရာတွင် အသုံးပြုနိုင်ပြီး အာကာသ၊ ကမ္ဘာမြေကြီးနှင့်ပင်လယ် ပြင်တို့အကြား ဆက်သွယ်ရေးကို ပေါင်းစပ်ပေးနိုင်မည် ဖြစ်ကြောင်း         သုတေသီ ယူရှောင်ဟုက ပြောကြား ထားသည်။                 (Ref: Reuters)






အခြားဆက်စပ်သတင်းများ