နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါကို တစ်ဆင့်ချင်းကာကွယ်နိုင်မည်

မြန်မာနိုင်ငံ၏အခြေအနေမှာ ယခုအခါ အကောင်းဘက်  သို့ ရောက်လာနေသည်ကို သတိပြုမိပါသည်။ စမ်းသပ်သူနှင့်           ပိုးတွေ့ရှိသည့်သူ ရာခိုင်နှုန်းအချိုးမှာ သုံးရာခိုင်နှုန်းအောက်သို့ ကျဆင်းလာနေခြင်းက အများပြည်သူတို့၏ စီးပွားရေးဆိုင်ရာများ၊ နေ့စဉ်ပြုနေကျလုပ်ငန်းများ၊ အခြားသော လူမှုရေး၊ ကျန်းမာရေး လုပ်ဆောင်စရာရှိသည်တို့ကို လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာသည့် အခွင့်အလမ်းကောင်းများ တဖြည်းဖြည်းရရှိလာနေပြီဖြစ်သည်။


ပိုးတွေ့ရှိနှုန်းကျဆင်းလာ၍ စိတ်အတန်ငယ် သက်သာရာ ရကြမည် ဖြစ်သော်လည်း သတိပြုနေထိုင်မှုကို လျှော့ချရန် မဖြစ်နိုင်သေးသည်ကို အထူးအလေးထားရန်လိုသည်။ မျိုးဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်သည့် ခြိမ်းခြောက်မှုက ကမ္ဘာတစ်ခွင်ရှိနေဆဲဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအသီးသီးတွင် ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်းအနေဖြင့် ကမ္ဘာတစ်ခွင်လှည့်လည် နေသည်။ ကမ္ဘာအနှံ့တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ၊ သေဆုံးသူ များ များပြားလျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရာတွင် ကမ္ဘာ တစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ထိန်းချုပ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ခန္ဓာကိုယ်ထဲရှိ ခုခံအား စနစ်ကို တုံ့ပြန်မှုကောင်းစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ် များက ခန္ဓာကိုယ်မှာရှိသော ဆဲလ်များတွင် ဝင်ရောက်ပွားများလာ ပါက ခန္ဓာကိုယ်ခုခံအားစနစ်ဖြင့် ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။


ခန္ဓာကိုယ်ခုခံအားစနစ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားပါက ရောဂါပိုးကို ပြန်လည်တုံ့ပြန်ထိန်းချုပ် ချေဖျက် နိုင်မှုက ကာကွယ်ဆေးအပေါ်မူတည်ပြီး ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်းအထက် အကာအကွယ်ပေးနိုင်ကြောင်းနှင့် ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရမှုကို ၉၅ ရာခိုင်နှုန်းအထက် ကာကွယ်ပေးနိုင်ကြောင်း သက်ဆိုင်ရာကျန်းမာရေးအဖွဲအစည်း များ အသိပညာပေး ဖြန့်ဝေပြောကြားထားသည်။


ကျန်းမာရေးဝန်ကြီးဌာနသည် နိုဝင်ဘာ ၉ ရက်မှစတင်၍ အသက် ၄၀ နှစ်နှင့်အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ရာ နီးစပ်ရာ ကျန်းမာရေးဌာန တွင် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြ ပါရန် တိုက်တွန်းနှိုးဆော်ထားသည်။


ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ရာတွင် ကာကွယ်ဆေး က အဓိကဖြစ်သကဲ့ကို့ ပါးစပ်၊ နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေခြင်းဖြင့် မိမိကိုယ်ခန္ဓာထဲ ရောဂါပိုး မဝင်အောင် တားဆီးရေးလည်း အရေးကြီးသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မှ ကင်းစင်စေရန် ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးလုပ်ငန်းများတွင် ပါဝင်ထိုးနှံစေချင်သည်။


မြန်မာနိုင်ငံတွင် ဖြစ်ပွားနှုန်းကျဆင်းလာသည်မှာ မှန်သော် လည်း ကမ္ဘာတစ်လွှား အိုမီခရွန် ရောဂါကူးစက်မှုစံချိန်တင် မြင့်တက်မှုဖြစ်ပေါ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေး ထားရာ ပြည်သူအပေါင်းတို့သည် ကိုဗစ်ကာကွယ်ရေး အခြေခံ စည်းမျဉ်းကို ဆက်လက်လိုက်နာကြကာ တောင့်ထားကြရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ