နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသူကာကွယ်ရေး ဆိုးဆေးကင်းဝေး ထုတ်လုပ်ပေး

ယနေ့စားသောက်နေသော  အစားအသောက်များတွင် ဆိုးဆေးနှင့် အက်ဆစ်များ မည်မျှပါဝင်သည်ကို သတိပြုကြဖို့ လိုပါသည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့မှာ လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ် ရှိ၊ မရှိ သတိထားဆင်ခြင်ရန်လိုသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အများဆုံးလွှမ်းမိုးမှုမှာ ချည်ထည်လုပ်ငန်းသုံး ဆိုးဆေးများပင် ဖြစ်သည်ဟု အစားအစာနှင့် ဆေးဝါးဆိုင်ရာစစ်ဆေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများ ပြည်သူတို့စားသုံးနိုင်ရန် ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ ဆိုးဆေးပါဝင်၍ စားသုံးရန် မသင့်သော အစားအသောက်များကိုလည်း မကြာခဏ သတိပေး ကြေညာလျက်ရှိသည်။

အစားအသောက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများ ကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ-၂၈ (က) အရ တရားစွဲ အရေးယူခံရမည်ဖြစ်သည်။


ယခုအခါ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်များတွင် ဆိုးဆေးသုံးစွဲထုတ်လုပ်သူ ပပျောက် ရေး၊ စားသုံးသူများက ဆိုးဆေးသုံးစွဲထားသည့် အစားအစာ များ စားသုံးခြင်းမှ ကင်းဝေးကာ ဆိုးကျိုးများဖြစ်ပေါ်လာပါက အရေးယူမှုအခြေအနေများကို အလုပ်ရုံ သက်ဆိုင်ရာဒေသအလိုက် ဆောင်ရွက်လျက်ရှိသည်။


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာ ၂ ရက်က မင်္ဂလာဒုံမြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနခွဲ (ရန်ကုန်) ဆောက်လုပ်နေမှုနှင့်  ဖွင့်လှစ်ပြီးစီးပါက အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုတွင် နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း  သို့မှသာ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ပြည်သူလူထု ထံသို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ရောက်ရှိသုံးစွဲနိုင်မည်ဖြစ် ကြောင်း၊ ပြည်သူလူထုအား အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရေး ထည့်သွင်းမှာကြားခဲ့သည်။


ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ အလှကုန်ဆိုင်ရာ များရရှိရေးအတွက် အထောက်အပံ့ဖြစ်ရာ ပြည်သူများ ကျန်းမာ သုခပြည့်ဝရေး၊ အစားအသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူနှင့် စားသုံးသူများကပါ အထူးသတိပြု ဆင်ခြင် စေချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ