နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွတ်လပ်ရေးကို ထာဝစဉ်ထိန်းသိမ်းကာကွယ်

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့သို့ ရောက်လေတိုင်း လွတ်လပ်ရေးနေ့အောင်ပွဲအခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မြန်မာ့လွတ်လပ်ရေးကို လွယ်လွယ်ကူကူရရှိခဲ့ခြင်း မဟုတ်ပေ။ မြန်မာ့လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး မြောက်မြားစွာတို့ဖြင့် လဲလှယ်ခဲ့ကြသည်။ မြန်မာတိုင်းရင်းသားအားလုံး၏ စည်းလုံး ညီညွတ်မှုဖြင့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရယူနိုင်ခဲ့သည်။


မြန်မာနိုင်ငံသားတို့သည် လွန်ခဲ့သော ၇၄ နှစ်မတိုင်မီက နယ်ချဲ့တို့၏ ခြယ်လှယ်အုပ်ချုပ်၊ အမြတ်ထုတ်မှုအောက်တွင် ပြားပြားဝပ်ခဲ့ကြရသည်။ မလွတ်လပ်ခြင်း၏ ဆိုးကျိုးများကို ခံစားခဲ့ကြရသည်။ ယနေ့ခေတ်တွင် စည်းကမ်းမူဘောင်အတွင်းမှ လူတိုင်း၊ လူတိုင်း လွတ်လပ်ရေး၏အနှစ်သာရကို ကောင်းစွာခံစား နေကြရပြီ ဖြစ်သည်။


သို့သော် လွတ်လပ်ခြင်း၏တန်ဖိုးကိုသိရှိပြီး လွတ်လပ်ခြင်း၏ သဘောကို နားလည်မှသာ လွတ်လပ်ရေးကို ကာကွယ်နိုင်မည် ဖြစ်သည်။ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးရယူခဲ့ရသော လွတ်လပ်ရေးကို ပေါ့ပေါ့တန်တန်တွေး၍၊ အလေးအနက်မထား လျှင် အလွယ်တကူဆုံးရှုံးနိုင်သည်။


ယနေ့အချိန်အခါတွင် နယ်ချဲ့ခြင်းသည် ရှေးယခင်ကကဲ့သို့ စစ်ရေးဖြင့် ကျူးကျော်ခြင်းမဟုတ်တော့၊ ယဉ်ကျေးမှုအရသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်း၊ နိုင်ငံရေးအရသော် လည်းကောင်း နယ်ချဲ့ကျူးကျော်နေကြသည်ကို သတိချပ်သင့် သည်။ 


မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော ၂၀၂၂ ခုနှစ် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် လေးရပ်ဖြစ်သော 


၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး။


၂ ။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရ တစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရေး။


၃။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားအားလုံး စည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး။


၄။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေး။ 


တို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြရန် လိုအပ်ပေသည်။ အနှစ်သာရပြည့်ဝသော လွတ်လပ် ရေးနေ့ အခမ်းအနားများကို ဆင်ယင်ကျင်းပ အလေးအမြတ် ဂါရဝပြုလျက် လွတ်လပ်ရေး၏တန်ဖိုးကို စောင့်ထိန်းလိုက်နာ ကျင့်ကြံအပ်ပေသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတို့သည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို အစဉ်မွေးမြူပြီး လွတ်လပ်ရေးကြီး အစဉ်တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြ ရမည်ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ