နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေး

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော ကုသမှုတို့ကိုပြုလုပ်ရ သည်။ 


ထိရောက်သော ကုသမှုတွင် ခေတ်မီဆေးပညာရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာလည်း အပါအဝင်ဖြစ်သည်။ မြန်မာ့ တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်း အမွေအနှစ် ဆေးပညာတစ်ရပ်ဖြစ်သည်။


မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု ရေ၊ မြေ၊ တော၊ တောင်၊ မြန်မာ့ယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ထုံးတမ်း အစဉ်အလာများ ထုံမွှမ်းလျက် တည်တံ့နေခဲ့သော ထီးနန်းသုံး တော်ဝင်ဆေးပညာလည်း ဖြစ်သည်။


ယနေ့အခြေအနေတွင် မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူ များသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးများ ကို အားကိုးယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသ များအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီ ဖြစ်သည်။


ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှုနည်းများ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသန ဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို  ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။


မြန်မာနိုင်ငံအတွင်း သဘာဝအလျောက် ပေါများစွာဖြစ်ထွန်း နေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ၊ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက် ဆေး ဖက်ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါး အဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။


အနောက်တိုင်းဆေးပညာ၏  စွမ်းဆောင်မှုကြီးမားခြင်းကြောင့် အချို့သောလူမျိုးများ၏ ရိုးရာတိုင်းရင်းဆေးပညာများ မှေးမှိန်ခဲ့ရကြောင်း၊ ဆေးသိပ္ပံပညာရပ် တိုးတက်ဖွံ့ဖြိုးလာသော ကာလများတွင် မိမိတို့ အာရှဒေသမှ နိုင်ငံနှင့် လူမျိုးများသည် ဘိုးစဉ်ဘောင်ဆက် တိုင်းရင်းဆေးပညာကို တစ်နည်းတစ်လမ်း မှီခိုအားထားနေဆဲ ဖြစ်သည်။


ယနေ့ခေတ်ကာလတွင် သုတေသနပညာရှင်များသည် တိုင်းရင်းဆေးအစွမ်း အာနိသင်ကိုလေ့လာမှုပြုပြီး သိပ္ပံနည်းကျ အထောက်အထားများ၏ ခိုင်မာမှုကြောင့် သဘာဝဆေးဝါးများ ဖြစ်သည့် တိုင်းရင်းဆေးအပေါ်တွင် မှီခိုအားထားမှုများ တိုးတက် များပြားလာသည်ကို တွေ့ရသည်။


ရိုးရာတိုင်းရင်းဆေးပညာဖြင့် သဘာဝတိုင်းရင်းဆေးများ၏ အစွမ်းအာနိသင်များကို သိပ္ပံနည်းကျ စည်းကမ်းတကျ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာများကို ပိုမို တိုးတက်လာရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဟု ဆိုချင် ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ