နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်  ဒီဇင်ဘာ  ၂၆


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် ကော့သောင်း မြို့နယ် မလိဝမ်းကျေးရွာအုပ်စု မလိဝမ်း ကျေးရွာနေ မနန္ဒာလင်းအေး (ခ) မိတုတ်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၇၅ ပြားသိမ်းဆည်းရမိသည်။


အလားတူ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျောက်ပန်း တောင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ သာယာရေး ရပ်ကွက်နေ မြင့်စန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီး ဖြစ်သူ မခင်သန္တာနှင့် ဟံမင်းထွန်း (ခ)တီးလုံးတို့ကိုတွေ့ရှိရပြီး စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၂၀၀ နှင့်လေ သေနတ်တစ်လက်တို့ကို သိမ်းဆည်း ရမိသည်။


ကွင်းဆက်အရ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် မြို့မကွက်သစ်ရပ်ကွက်နေ မညွန့်ညွန့် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၃ဝဝ နှင့် မြန်မာငွေကျပ် ၉၈၉၀၀၀ သိန်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရအရေးယူသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ